![]() |
ပလက်ဝ ရခိုင်စစ်ရှောင် ဒုက္ခသည်များ (ဓာတ်ပုံ-Ai Kyaw Khit) |
ပလက်ဝ/RiA ၊ ဇန်န၀ါရီ ၁၉ ရက်
ရက္ခိုင့်တပ်မတော် Arakan Army အနေနဲ့ ပလက်ဝမြို့နယ်အတွင်း စည်းရုံးရေးများ ဆောင်ရွက်ရာတွင် ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ် နယ်နိမိတ်ပိုင် ဖြစ်ကြောင်း အကြောင်းပြ စည်းရုံးနေမှုအပေါ် ခူမီးချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများက ယနေ့ ဇန်န၀ါရီ ၁၉ ရက်နေ့ ရက်စွဲနှင့် ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ ကြေညာချက်တွင် Arakan Army ရဲ့ စည်းရုံးဟောပြောနေမှုဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဆန့်ကျင်နေတဲ့အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုပါ ထိခိုက်နေကြောင်း ဖော်ပြပါရှိပါတယ်။
ထုတ်ပြန်ကြေညာချက်ကို ခူမီးလူငယ်များအသင်း၊ ခူမီးအမျိုးသမီးများအဖွဲ့၊ ပလက်ဝခူမီး လူမူအဖွဲ့အစည်း(မလေးရှား) စသည့်လူမူအဖွဲ့အစည်းများက ပူးတွဲကြေညာခဲ့ခြင်း ဖြစ်ပါတယ်။
![]() |
ပလက်ဝ ရခိုင်စစ်ရှောင် ဒုက္ခသည်များ (ဓာတ်ပုံ-Ai Kyaw Khit) |
ဒါ့အပြင် ရက္ခိုင့်တပ်မတော် AA အနေနဲ့ ပလက်ဝ ဒေသခံများရဲ့ အသက်အိုးအိမ် လုံခြုံမှုများကို ခြိမ်းခြောက်နေမှု၊ အတင်းအကြပ် လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်မှု၊ ပြည်သူပိုင် အိမ်မွေးတိရိစ္ဆာန်တွေကို တန်ဖိုးမပေးချေဘဲ လုယက်မှုများကို ကျူးလွန်နေပြီး ထို ကျူးလွန်မှုများအတွက် ရခိုင်ပြည်နယ် အချူပ်အခြာအာဏာပိုင် တရားဝင် ဖြစ်မှသာလျှင် ကျသင့်ငွေများကို ပေးချေနိုင်မှာ ဖြစ်ကြောင်း ပြောဆိုမှုတွေဟာ ဥပဒေမဲ့ ဖြစ်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။
ခူမီးချင်းအရပ်ဖက်အဖွဲ့အစည်းများအနေနှင့် ယခုကြေညာချက်တွင် ရက္ခိုင့်တပ်မတော်ဘက်ကို တိုင်းရင်းသားစည်းလုံး ညီညွတ် ရှေးရှု၍ အပြန်အလှန်လေးစားတဲ့ နိုင်ငံရေးယဉ်ကျေးမူနှင့်အတူ ဒီမိုကရေစီထွန်းကားရေး၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးကို ဆောင်ရွက်သင့်ကြောင်းလည်း တောင်းဆို ရေးသားထားပါတယ်။
ပလက်ဝမြို့နယ်တွင် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ ဧပြီလမှ စ၍ ကချင်ပြည်နယ် အခြေစိုက် AA နဲ့ အစိုးရတပ်များကြား တိုက်ပွဲများဖြစ်ပေါ်နေမှုကြောင့် ပြင်စိုကျေးရွာနေ အိမ်ထောင်စု ၆၂ စု နှင့် လူဦးရေ ၃၆၅ ဦးတို့ စစ်ဘေးရှောင်နေရသလို၊ ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံးသီတင်းပတ်မှ စတင်ကာ ပြန်လည် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများကြောင့် ကျောက်တော်နှင့် မြောက်ဦးဒေသများမှ စစ်ဘေးရှောင် ၃၀၀ နီးပါးခန့် ဒုက္ခသည်စခန်းများတွင် ယာယီ ခိုလှုံနေကြရပြီး ၎င်းတို့မှာ တောင်ယာ၊ ၀ါးခုတ်လုပ်ငန်းများကို ရပ်နားထားရကြောင်း သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၁၉၇၄ ဥပဒေများအပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေများအရလည်း ပလက်ဝမြို့နယ်ဟာ ချင်းပြည်နယ်ရဲ့ နယ်နိမိတ်တွင် ပါဝင်နေတာကြောင့် ရက္ခိုင့်တပ်မတော်ရဲ့ ပြောကြားချက်များအပေါ် ခူမိးချင်းအရပ်ဖက်အဖွဲ့အစည်းများမှ ယခုလို ကြေညာချက် ထုတ်ပြန်ရတာ ဖြစ်ကြောင်း သိရပါတယ်။
မင်းတို့ သွေးခွဲတိုင်း ငါတို့မကွဲဘူး ချင်းနဲ့ ရခိုင် စားပွဲထိုင် နယ်ချဲ့ ဗမာပျောက်လတ္တံ့
ReplyDeleteအချင်းချင်း ဆင်ခြင်ကြဖို့ ပန်ကြားပါရေ
ReplyDeleteဒီလို နည်းလမ်းနဲ့ ချင်းနဲ့ ရခိုင်ကို သွေးခွဲဖို့ဆိုတာ တော်ရုံ စောက်ရှက်မရှိရုံနဲ့ မရဘူး
ReplyDelete