Thursday, October 13, 2016

မောင်တောတွင် နယ်မြေရှင်းလင်းရာမှ RSO အလံအများအပြားနှင့် လက်နက်များ ဖမ်းမိ

RiA
နေပြည်တော်၊ အောက်တိုဘာ ၁၃ ရက်။ မောင်တောမြို့နယ်၊ ဝါးပိတ်ကျေးရွာတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် RSO အလံ ၂၄ ခု၊ RSO တံဆိပ်ပါ လည်စီး ၄၀ နှင့် MA-11 သေနပ် ၁ လက်၊ ကျည်အိမ်မျိုးစုံ ၁၁ ခု၊ ကျည်မျိုးစုံ ၁၅၁၀ တောင့်၊ ဓားရှည် ၁ ချောင်းတို့ကို ယနေ့ နံနက်က သိမ်းဆည်းရခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး မြ၀တီမှ သတင်းထုတ်ပြန်သည်။


ယင်းအပြင် ၀ါးပိတ်ကျေးရွာ၏ အနောက်ဘက်မီတာ ၂၀၀ ခန့်အကွာရှိ တောင်ကုန်း၌ ကျီးကန်းပြင်အုပ်စု ၀ါးပိတ်ကျေးရွာနေ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ဖော်ဆော်လာမောက် (ဘ) ဖွေဘာမောက်အား အောက်တိုဘာ ၁၂ ရက် ည ၇ နာရီခွဲခန့်က ဖမ်းမိခဲ့ကြောင်း မြ၀တီ သတင်းအရ သိရသည်။

အောက်တိုဘာ ၁၂ ရက်နေ့ နံနက် အကြမ်းဖက် တိုက်ခိုက်သူများသည် မောင်တောမြို့နယ် အလယ်သံကျော် နယ်မြေရုံးအား အင်အား ၅၀ ဖြင့် တစ်ကြိမ်၊ ၂၀ ဦးဖြင့် တစ်ကြိမ်၊ ၁၅ ဦးဖြင့် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် ချဉ်းကပ်လာသဖြင့် တပ်မတော်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း သတင်းတွင် ဖော်ပြပါရှိသည်။
--
သတင်းဓာတ်ပုံ - မြ၀တီ

1 comment:

  1. မဂ်​လာပါ အားရ ကြိုဆိုပါ၏

    ReplyDelete

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top