![]() |
ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်တချို့ (ကျီရာပြင်/မြောက်ဦး) |
ရန်ကုန်/RiA ၊ ဇန်န၀ါရီ ၁၉ ရက်
ရက္ခိုင့်တပ်မတော် Arakan Army နဲ့ အစိုးရတပ်များကြား မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာလ နောက်ဆုံး သီတင်းပတ်ကနေ တိုက်ပွဲများ ဖြစ်ပွားနေတာကြောင့် အဆိုပါ အနီးတ၀ိုက်ဒေသမှာ နေထိုင်ကြတဲ့ ဒေသခံတွေရဲ့ လုံခြုံရေးကို ပိုမို ကာကွယ်ပေးနိုင်ရေး ကျေးရွာသစ်များ တည်ဆောက်ကာ ပြောင်းရွေ့ အခြေချပေးသွားမှာ ဖြစ်ကြောင်း ရခိုင်ပြည်နယ် ၀န်ကြီးချူပ် ဦးမြအောင်က ပြောကြားလိုက်ကြောင်း 7 Day News က ဒီကနေ့ ဇန်န၀ါရီ ၁၉ ရက်နေ့မှာ ရေးသားဖော်ပြခဲ့ပါတယ်။
7 Day ရဲ့ ဖော်ပြချက်အရ ပြည်နယ် ၀န်ကြီးချူပ်ရဲ့ ပြောကြားမှုကို ကိုးကားပြီး စစ်ဘေးရှောင် မိသားစုဝင်များကို ကူညီဆောင် ရွက်နေတဲ့ မြောက်ဦးမြို့နယ် မှ အနိုင်ရ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းသာစိန်က ယခုလို ဖြေကြားခဲ့တာကို တွေ့ရပါတယ်။
"နေထိုင် စားသောက်ရေး တွေ အဆင်ပြေကြလားလို့ အရင် မေးပါတယ်။ ပြီးတော့ ကိုယ့် ဒေသကို ပြန်ဖို့သွားရဲကြပြီးလား လို့ မေးပါတယ်။ အဲဒီတော့ စစ် ဘေးရှောင် မိသားစုဝင်တွေက မသွားရဲပါဘူးလို့ ပြန်ဖြေတဲ့အခါ တရားဥပဒေစိုးမိုးမှု မရှိတဲ့နေရာ မှာ နေတဲ့အတွက် စစ်ဘေးစစ် ဒဏ်သင့်ရတယ်၊ အဲဒီအတွက် ရပ်နဲ့ရွာနဲ့ နီးတဲ့နေရာမှာ ကျေးရွာ သစ်တစ်ရွာ နေရာချထားပေးမယ် လို့ ပြောတယ်”
အဆိုပါ ပြောကြားမှုကို ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များ ယာယီ ခိုလှုံနေတဲ့ မြောက်ဦးမြို့နယ် ကျီရာပြင်ကျေးရွာနှင့် စေတီတောင် ကျေးရွာများကို ရခိုင်ပြည်နယ် ၀န်ကြီးချူပ် ဦးမြအောင်က ဇန်န၀ါရီ ၁၈ ရက်နေ့မှာ လာရောက် အားပေး တွေ့ဆုံခဲ့စဉ်မှာ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ပြောကြားမှုကို ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များ ယာယီ ခိုလှုံနေတဲ့ မြောက်ဦးမြို့နယ် ကျီရာပြင်ကျေးရွာနှင့် စေတီတောင် ကျေးရွာများကို ရခိုင်ပြည်နယ် ၀န်ကြီးချူပ် ဦးမြအောင်က ဇန်န၀ါရီ ၁၈ ရက်နေ့မှာ လာရောက် အားပေး တွေ့ဆုံခဲ့စဉ်မှာ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
ရက္ခိုင့်တပ်မတော် Arakan Army နဲ့ အစိုးရတပ်များကြား ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ကနေ ဇန်န၀ါရီ ၄ ရက်နေ့ထိ ထိတွေ့တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ပွဲမှာ ရက်သတ္တပတ် တစ်ခုခန့် ရပ်နားခဲ့ပြီးနောက် ဇန်န၀ါရီ ၁၇ ရက်နေ့က စတင်ကာ တိုက်ပွဲများပြန်လည် ဖြစ်ပွားနေကြောင်း ယူဆရတဲ့ လက်နက်ကြီး ပစ်ခတ်သံများကို ဒေသခံများ ကြားလာရတာကြောင့် အဆိုပါ ဒုက္ခသည်များမှာ နေရင်းကို မပြန်ရဲ ဖြစ်နေကြကြောင်း သိရပါတယ်။
စစ်ဘေးရှောင် ဒုက္ခသည်တွေကို ယာယီ ဒုက္ခသည်စခန်းတွေမှာ ရက်ကြာရှည် နေထိုင်ရန် ခွင့်မပြုကြောင်းနှင့် ဇန်န၀ါရီ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ သွားရောက် နေထိုင်ကြဖို့ မြောက်ဦးခရိုင်အုပ်ချူပ်ရေးမှူးက သတိပေးခဲ့ပြီးနောက်မှာ ပြည်နယ်ဝန်ကြီးချူပ်က ယခုလို ပထမဦးဆုံးအကြိမ် လာရောက် တွေ့ဆုံခဲ့တာဖြစ်ပြီး ၎င်းတို့ကို ကျေးရွာသစ် တည်ဆောက်ပေးဖို့ ကတိပြု ဖြေကြားခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
0 comments:
Post a Comment