Monday, October 17, 2016

မောင်တောဒေသတွင် နေထိုင်သူများ တည်ဆဲဥပဒေနှင့် မနေနိုင်လျှင် နိုင်ငံအတွင်းမှ ထွက်သွားရန် ဒုတိယဗိုလ်ချူပ်ကြီး ကျော်ဆွေ ပြော

RiA

မောင်တော၊ အောက်တိုဘာ ၁၇ ရက်။ ရခိုင်ပြည်နယ် မောင်တောဒေသ အတွင်း နေထိုင်ကြသူများ အနေနှင့် နိုင်ငံတော်၏ အာဏာစက်အောက်တွင် ရှိနေရန်လိုအပ်ပြီး လာရောက်နေထိုင်သူများအနေနှင့် တိုင်းပြည်၏ ဥပဒေများနှင့်အညီ မနေထိုင်နိုင်ဆိုပါက ထွက်သွားရန်နှင့်  “တိုင်းပြည်၏ မြေ တစ်လက်မမျှ အဆုံးမခံ” ဟု ဗိုလ်ချူပ်ကြီး ကျော်ဆွေက ပြောကြား လိုက်သည်။


 “ ဘာလူမျိုးပဲ ဖြစ်ဖြစ် တိုင်းပြည်ထဲမှာ နေရင် တိုင်းပြည်ရဲ့ အာဏာစက်အောက်မှာ နေရမယ်။ မနေချင်ရော ဂျောင်း။ ဒီမှာ ပြဿနာ ဖြစ်ဖြစ်ချင်း ငါ လာချင်တယ်။ ဒါပေမယ့် နိုင်ငံခြားမှာ အစည်းအဝေး တက်နေတာကြောင့် အစည်းအဝေးက ရောက်ရောက်ချင်း ငါ လာခဲ့တာ။”

ဗိုလ်ချူပ်ကြီး ကျော်ဆွေသည် အောက်တိုဘာလ ၁၆ ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိလာပြီး ယခုအချန်တွင် မောင်တောမြို့နယ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

ယင်းအပြင် အောက်တိုဘာ ၉ ရက်နေ့က စတင်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုတွင်  ပါဝင်ပတ်သက်နေသော မည်သူကိုမဆို ဥပေဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း ဗိုလ်ချူပ်ကျော်ဆွေက ထပ်လောင်းပြောကြားသည်။

“ခု အကျဉ်းထောင်ထဲမှာ တရားခံ ၁၆ ဦးကို ချူပ်ထားတယ်။ အချိန်မရွေး လာရောက်ကြည့်နိုင်တယ်။ ဥပေဒနဲ့ အညီစစ်တယ်။ ဥပဒေနဲ့ မညီရင် ဘာမှ မလုပ်ဘူး။ နှိပ်စက်ညှင်းပန်းမှု လုံးဝမရှိဘူး။”

ယခုအခါ မောင်တောဒေသ နယ်ခြားစောင့် တပ်ဖွဲ့ ရဲမှူးချူပ် မောင်မောင်ခင်ကို နေရာမှ ဖယ်ရှားလိုက်ပြီး သူ့နေရာတွင် ရဲမှူးချူပ် သူရစန်းလွင်နှင့် အစားထိုးခန့်အပ်လိုက်ပြီ ဖြစ်သည်။

ယခင် ရဲမှူးချူပ် မောင်မောင်ခင်မှာ အောက်တိုဘာ ၉ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့များ၏ အဓိက တာဝန်အရှိဆုံးသူလည်း ဖြစ်သည်။

ယင်းသို့ နေရာ အပြောင်းအလဲကို ယနေ့အောက်တိုဘာ ၁၇ ရက်နေ့ မောင်တောမြို့နယ်သို့ ရောက်ရှိနေ သည့် ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချူပ်ကြီး ကျော်ဆွေက သတင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ် ဖြစ်သည်။
--
ဓာတ်ပုံ - Myanmar Review

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top