Monday, October 17, 2016

ဒေသခံ ရခိုင်များကို လက်နက်တပ်ဆင်ပေးမည်မဟုတ်

RiA

နေပြည်တော် ၊ အောက်တိုဘာ ၁၇ ရက်။ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် စစ်ဆင်ရေးနယ်မြေအဖြစ် ဆောင်ရွက်နေသည့် ရခိုင်နယ်စပ် မောင်တော ခရိုင်တွင် ဒေသခံ ရခိုင်တိုင်းရင်းသားများမှ ၎င်းတို့ကို ပြည်သူ့စစ်ပုံစံဖြင့် လက်နက် တပ်ဆင်ပေးရန် တောင်းဆိုမှုများ ရှိနေသော်လည်း လုံးဝ ခွင့်ပြုမည် မဟုတ်ကြောင်း ကာကွယ်ရေး ဒုတိယ ၀န်ကြီး ဗိုလ်ချူပ် မြင့်နွယ်က ပြောသည်။

မောင်တောဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတရပ်ကို ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်လျက်ရှိရာ သတင်းမီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top