Thursday, September 8, 2016

ရခိုင်တိုင်းရင်းသားများ၏ ဆန္ဒသည် အဓိကဟု ကာကွယ်ရေးဦးစီးချူပ် ပြောကြား

RiA

နေပြည်တော် ၊ စက်တင်ဘာလ ၈ ရက်။ ကော်မရှင်အနေနှင့် ဖြစ်စဉ်များ ဖြစ်ပေါ် ခဲ့ရသည့် အခြေအနေ သမိုင်းများကို လေ့လာ၍ ဆောင်ရွက်ရန်နှင့် ယခုကိစ္စသည် နိုင်ငံသားဖြစ်မှုကိုသာမက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီ အရေးနှင့် ရခိုင်တိုင်းရင်းသားများ လက်ခံနိုင်ရန်လည်း လိုအပ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။


ယနေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း Mr. Kofi Annan အား လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

သမိုင်းကြောင်းနှင့် ပတ်သက်၍ - ၁၈၂၄ ခုနှစ်၊ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲတွင် စစ်ရှုံးပြီး ရခိုင်ဒေသသည် ဗြိတိသျှ ကိုလိုနီဖြစ်သွားခဲ့ကြောင်း၊ ၁၈၈၆ ခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံး ဗြိတိသျှကိုလိုနီဖြစ်ခဲ့ရကြောင်း၊ ယင်းကာလအတွင်း နယ်ချဲ့တို့က စီးပွားရေးအရ စပါးစိုက်ပျိုးရန် ဘင်္ဂလားဒေသမှ ဘင်္ဂါလီများခေါ်ယူခဲ့ရာ ရခိုင်ဒေသတွင် တဖြည်းဖြည်း လူဦးရေများလာခြင်း ဖြစ်ကြောင်း၊ ဘင်္ဂလားဒေသမှ လာသည့်သူများဖြစ်၍ မိမိတို့က ဘင်္ဂါလီဟုခေါ်ဆိုကြောင်း၊ ယခင်က ဘင်္ဂလားနယ်မြေမှာလည်း အရှေ့ဘင်္ဂလားနှင့် အနောက် ဘင်္ဂလားဟု နယ်မြေနှစ်ခု ကွဲသွားပြီး ၁၉၇၁ ခုနှစ်တွင် အရှေ့ဘင်္ဂလား(အရှေ့ပါကစ္စတန်)နယ်မြေမှာ
ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်ပေါ် လာကြောင်း၊ ယင်းဘင်္ဂါလီများက သူတို့ ကိုယ်ကို “ ရိုဟင်ဂျာ ” ဟု သုံးစွဲလာခြင်းဖြစ်ကြောင်း၊ ယခုဘင်္ဂလားဒေ့ရှ်တွင် နေထိုင်သူများနှင့် ဘာသာစကား၊ ၀တ်စားဆင်ယင်မှု၊ ယဉ်ကျေးမှု အတူတူပင်ဖြစ်ပြီး မိမိတို့နှင့် ကွဲပြားခြားနားကြောင်း ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က မစ္စတာကိုဖီအာနန်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

--

သတင်းဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချူပ်ရုံး

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top