Friday, September 9, 2016

ရခိုင်ပြည်နယ်ကိစ္စ အိမ်နီးချင်းနိုင်ငံများနှင့်ပါ ညှိနှိုင်းဆောင်ရွက်မည်

RiA

ရန်ကုန်၊ စက်တင်ဘာ ၉ ရက်။ ရခိုင်ပြည်နယ်၏ ကိစ္စရပ်များကို ဖြေရှင်းသည့်အခါတွင် အိမ်နီးချင်းနိုင်ငံများနှင့်ပါ ညှိနှိုင်းဆောင်ရွက်မှု ပြုသွား မည်ဖြစ်ကြောင်း ကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်က ပြောသည်။


"လူတွေ ရွေ့ပြောင်းသွားတာ၊ နယ်စပ်ဖြတ်ကျော်တာတွေ ရှိတဲ့ ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းတဲ့အခါ
တနိုင်ငံတည်းဆောင်ရွက်လို့မရပါဘူး။ အိမ်နီးချင်းတွေနဲ့ပါ ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်လိမ့်မယ်။"

ယင်းပြောကြားမှုကို စက်တင်ဘာလ ၈ ရက်နေ့က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မစ္စတာကိုဖီအာနန်က ကော်မရှင်သည် ဘက်မလိုက်သော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းနှင့် လုပ်ငန်းတာဝန်အရ အကြံပေးရန်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။
--
သတင်းဓာတ်ပုံ - MoI

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top