RiA
နေပြည်တော်၊ စက်တင်ဘာ ၈ ရက်။ ရခိုင်ပြည်နယ် ခရီးစဉ်တွင် ဒီမိုကရေစီစနစ်နှင့် အညီ ဆန္ဒဖော်ထုတ်မှုများ ကြုံတွေ့ခဲ့ရခြင်းကိုလည်း နားလည် လက်ခံပါကြောင်း၊ ကော်မရှင် အနေဖြင့် လူထု၏ သဘောထားများ တောင်းခံရာတွင် လိုအပ်ချက်များအား ရှင်းရှင်းလင်းလင်း သိလိုပါကြောင်း၊ သို့မှသာ ပြဿနာအား ချည်းကပ်ဖြေရှင်းရာတွင် အထောက်အကူ ပြုမည်ဖြစ်ပါကြောင်း ရခိုင်ကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်က ပြောကြားလိုက်သည်။
ယင်းပြောကြားမှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်သည် ယနေ့ စက်တင်ဘာလ ၈ ရက် နံနက် (၁၀) နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ်တွင် နိုင်ငံတော်သမ္မတက ရခိုင်ပြည်နယ် ကိစ္စသည် မြန်မာနိုင်ငံအတွက် အရေးကြီးသည့် ကိစ္စရပ် တစ်ခုဖြစ်ပါကြောင်း၊ မစ္စတာ ကိုဖီအာနန်၏ ကျွမ်းကျင်သည့် ခေါင်းဆောင်မှုဖြင့် ပြဿနာကို ချဉ်းကပ် ဖြေရှင်း နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
--
သတင်းဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး
0 comments:
Post a Comment