Thursday, August 4, 2016

ပင်လုံ လူငယ်ညီလာခံ တက်ရောက်ခဲ့သည့် ရခိုင်လူငယ်များ သတင်းစာရှင်းလင်း

RiA ၊ သြဂုတ် ၄ ရက်

စစ်တွေ။  ဇူလိုင် ၂၇ ရက်နေ့မှ ၃၁ ရက်နေ့ထိ ရှမ်းပြည်နယ်၊ ပင်လုံမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် လူငယ်ပင်လုံညီလာခံကို ရခိုင်တိုင်းရင်းသား ကိုယ်စားပြုများအဖြစ် တက်ရောက်ခဲ့သူများက ယနေ့ သြဂုတ် ၄ ရက်နေ့တွင် စစ်တွေမြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

လူငယ် ပင်လုံညီလာခံတွင် ဖွဲ့စည်းခဲ့သည့် ရခိုင်တိုင်းရင်းသားလူငယ်များကွန်ရက် (ယာယီ) ကို အတည်ပြု ဖွဲ့စည်းနိုင်ရန်အတွက် ရခိုင်တပြည်နယ်လုံးမှ တိုင်းရင်းသား လူငယ်များ ပါဝင်နိုင်မည့် တွေ့ဆုံပွဲ တရပ်ကို ခေါ်ယူသွားမည် ဖြစ်ကြောင်း ရှင်းလင်းပွဲကို ဦးဆောင်သူ ဦးဇော်ထွန်းက ပြောသည်။

လူငယ်ကွန်ရက် (ယာယီ) တွင် အဖွဲ့ဝင် ၃၇ ဦးရှိပြီး ဒေသတွင်း တိုင်းရင်းသားမျိုးနွယ်စုများကို အခြေပြု ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး သဘာဝ အရင်းအမြစ် ထုတ်ယူမှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများနှင့် မြေယာသိမ်းဆည်းမှု အပါအ၀င် လူ့အခွင့်ရေးချိုးဖောက်မှု၊ နယ်မြေကျူးကျော် ခံနေရမှု၊ နိုင်ငံတော်၏ အချူပ်အခြာအာဏာ ထိပါးခံနေရမှု စသည်တို့ကို လူငယ်ပင်လုံညီလာခံတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်များအရ သိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top