မိုးအောင်/RiA ၊ ဇွန် ၈ ရက်
မင်းပြားမြို့နယ်၊ ဈေးဟောင်းပိုင်းရပ်ကွက်ရှိ အချိန်မရွေး ပြိုလှဲပျက်စီးသွားနိုင်သည့် အထက (၂) နှစ်ထပ်ကျောင်းဆောင်ပေါ်တွင် မူလတန်းကျောင်းသား ၁၆၀ ဦး တက်ရောက် ပညာသင်ကြားနေရသည်။
ပြိုပျက်ကျောင်းဆောင်အစား မင်းပြားမြို့နယ်၊ ကျိန်းတောင်ခြေရင်းတွင် ကျောင်းဆောင်အသစ် တည်ဆောက်ပြီး ဖြစ်သော်လည်း သူငယ်တန်းမှ ဒဿမတန်းထိ ကျောင်းသား ၁၃၀၀ ဦးရေ မဆံ့သဖြင့် မူလတန်းကျောင်းသား ၁၆၀ ခန့်မှာ ယင်းအန္တရာယ်ရှိ အဆောက်အဦးတွင် အချိန် ၂ ပိုင်းခွဲကာ သင်ကြားနေရခြင်း ဖြစ်သည်။
![]() |
| အန္တရာယ်ရှိ ကျောင်းဆောင်အတွင်းဘက်ကို တွေ့ရစဉ် (ဓာတ်ပုံ - မိုးအောင်/RiA) |
“ ကျောင်းဆောင်တွေက လုံလောက်မှုမရှိပါဘူး၊ ယခုပြိုနေတဲ့ ကျောင်းဆောင်လည်း ဘယ်နေ့ပြိုမယ်တော့ မသိဘူး၊ ပြန်လည် ပြုပြင်ဖို့အတွက်လည်း ပြီးခဲ့တဲ့နှစ်ကလည်း မှတ်တင်းဓါတ်ပုံတွေနဲ့ အရင်ကျခဲ့တဲ့ ကျောင်းအုပ်ကြီးက တင်ပြခဲ့ တယ်လို့ ဆိုပါတယ်၊ ကျောင်းဆောင်အသစ်ရဖို့ တင်နေတာ ခုမှမဟုတ်ဘူး ကျောင်းအုပ်တွေ အဆက်ဆက်ပါ” ဟု ၎င်း အထက ၂ မှ ကျောင်းအုပ်ဆရာကြီး ဦးစံညွန့်ချေက RiA ကို ပြောသည်။
![]() |
| မူလတန်းကျောင်းသား ၁၆၀ ဦး တက်ရောက်နေသည့် အန္တရာယ်ရှိ နှစ်ထပ် ကျောင်းဆောင်ကို တွေ့ရစဉ် (ဓာတ်ပုံ - မိုးအောင်/RiA) |
ယင်းကျောင်းဆောင်ကို ၁၉၇၀ ခုနှစ်ကတည်းက အလယ်တန်းကျောင်းအဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး နှစ်ပေါင်း ၅၀ အတွင်း ပြုပြင်မွမ်းမံခဲ့ခြင်း မရှိဘဲ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် အထကအဆင့်သို့ ပြောင်းလဲ သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း ကျောင်းမှတ်တမ်းများအရ သိရသည်။
![]() |
| ကျောင်းဆောင်၏ အနောက်ဘက်ကို ၀ါးလုံးဖြင့် ဒေါက်ထောက် ထားရစဉ် (ဓာတ်ပုံ - မိုးအောင်/RiA) |
“ အရင်နှစ်တွေတုန်းကလည်း ကိုမန်မှာ ရေကြီးခဲ့တဲ့အထဲမှာ ပါသွားတော့ ပိုဆိုးသွားပါတယ်၊ အဲဒီတုန်းက လာရောက် စစ်ဆေးတဲ့ လူကြီးတွေက ဒီကျောင်းမှာ သင်ကြားခွင့်ကို မပြုခဲ့ပါဘူး။ ဒါပေမယ့် ဒီအပိုင်းက ကလေးငယ်တွေ အတွက် ဒီစာသင်ကျောင်း ဟောင်းကိုပဲ အားကိုနေရပါတယ်” ဟု ကျောင်းအကျိုးတော်ဆောင် လည်းဖြစ်၊ ကျောင်းသား မိဘတစ်ဦးဖြစ်သူ ဦးသိန်းဇံက ပြောသည်။
![]() | |
| အန္တရာယ်ရှိ ကျောင်းဆောင်၏ နံရံတစ်ဘက်ကို တွေ့ရစဉ် (ဓာတ်ပုံ - မိုးအောင်/RiA) |
လက်ရှိအခြေနေတွင် အဆိုပါကျောင်းဆောင်၏ အနောက်ဘက်နံရံများအား ဒေါက်တိုင်များဖြင့် ယာယီ ထောက်ထားရပြီး ၊ ကြမ်းခင်းများအား တိုင်ထောက်ထားကာ ကျောင်းဆက်လက် မပြိုပျက်ရအောင် ထိန်းသိမ်းထားသည်။
ရခိုင်ပြည်နယ်တစ်ဝှမ်းလုံးတွင် ဥပဓိရုပ်မကောင်းသော၊ အချိန်မရွေး ပြိုလှဲပျက်စီးသွားနိုင်သော အန္တရာယ်ရှိ စာသင်ကျောင်း အဆောက်အဦ ၇၀၀ နှင့် အထက်ရှိကြောင်း ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးရုံး၏ မှတ်တမ်းများအရ သိရသည်။
![]() |
| အချိန်မရွေး ပြိုလှဲပျက်စီးသွားနိုင်သည့် အန္တရာယ်ရှိ ကျောင်းဆောင်တွင် ပညာသင်ယူနေသော မူလတန်းကျောင်းသားတချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - မိုးအောင်/RiA) |
![]() |
| အချိန်မရွေး ပြိုလှဲပျက်စီးသွားနိုင်သည့် အန္တရာယ်ရှိ ကျောင်းဆောင်တွင် ပညာသင်ယူနေသော မူလတန်းကျောင်းသားတချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - မိုးအောင်/RiA) |
![]() |
| အချိန်မရွေး ပြိုလှဲပျက်စီးသွားနိုင်သည့် အန္တရာယ်ရှိ ကျောင်းဆောင် တွေ့ရစဉ် (ဓာတ်ပုံ - မိုးအောင်/RiA) |
![]() |
| အချိန်မရွေး ပြိုလှဲပျက်စီးသွားနိုင်သည့် အန္တရာယ်ရှိ ကျောင်းဆောင်တွင် ပညာသင်ယူနေသော မူလတန်းကျောင်းသားတချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - မိုးအောင်/RiA) |
![]() |
| ၀ါးလုံးများဖြင့် ဒေါက်ထောက်ထားရသော အချိန်မရွေး ပြိုလှဲပျက်စီးသွားနိုင်သည့် အန္တရာယ်ရှိ ကျောင်းဆောင်တွင် ပညာသင်ယူနေသော မူလတန်းကျောင်းသားတချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - မိုးအောင်/RiA) |
![]() |
| အချိန်မရွေး ပြိုလှဲပျက်စီးသွားနိုင်သည့် အန္တရာယ်ရှိ ကျောင်းဆောင်တွင် ပညာသင်ယူနေသော မူလတန်းကျောင်းသားတချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - မိုးအောင်/RiA) |
![]() |
| အချိန်မရွေး ပြိုလှဲပျက်စီးသွားနိုင်သည့် အန္တရာယ်ရှိ ကျောင်းဆောင်တွင် ပညာသင်ယူနေသော မူလတန်းကျောင်းသားတချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - မိုးအောင်/RiA) |
![]() |
| အချိန်မရွေး ပြိုလှဲပျက်စီးသွားနိုင်သည့် အန္တရာယ်ရှိ ကျောင်းဆောင်၏ အတွင်းဘက်ကို တွေ့ရစဉ် (ဓာတ်ပုံ - မိုးအောင်/RiA) |













0 comments:
Post a Comment