Wednesday, June 8, 2016

ရခိုင်တွင် သဘာဝဓာတ်ငွေ့အသုံးပြုခွင့် ရရှိရေး တင်ပြတောင်းဆိုမည်

မိုးအောင်/RiA ၊ ဇွန် ၈ ရက်
ရခိုင်ပြည်နယ်အတွင်း စက်ရုံအလုပ်ရုံများနှင့် ဒေသခံများ၏ လျှပ်စစ် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အတွက် သဘာဝဓာတ်ငွေ့ အသုံးပြုခွင့်ရရှိစေရေး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဌာနမှ ပြည်ထောင်စုအစိုးရသို့ တင်ပြတောင်းဆိုသွားမည် ဖြစ်ကြောင်း ကမ်းလွန်ရေနံဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇေယျ၏ ပြောကြားချက်အရ သိရသည်။

“ ဒေသတွင်းမှာ ဓါတ်အားသုံးစက်တွေရှိပြီး သုံးစွဲနိုင်ခြေရှိရင် လိုအပ်တဲ့ ဓါတ်ငွေ့ပမာဏာကို ပြည်ထောင်စု အစိုးရကို တင်ပြသွားမှာပါ”

ယင်းပြောကြားမှုကို ယနေ့ ဇွန်လ ၈ ရက်နေ့က စစ်တွေမြို့ရှိ ပြည်နယ်ရေလုပ်ငန်းနှင့် ငါးလုပ်ငန်း ဦးစီးဌာနတွင် ပြုလုပ်ခဲ့သည့် ဒေသခံရေလုပ်ငန်းရှင်များနှင့် ရခိုင်ကမ်းလွန်ရေနံလုပ်ကွက်အမှတ် အေဒီ ၇ ကို စမ်းသပ်တူးဖော်မည့် Woodside ကုမ္ပဏီတို့၏ တွေ့ဆုံမှုတွင် ဦးကျော်ဇေယျာက မီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဒေသတွင်းလောင်စာသုံးစွဲမှုအဖြစ် ၂၀၁၅ ခုနှစ် သန်းခေါင်စာရင်း ထုတ်ပြန်ချက်အရ သဘာဝဓါတ်ငွေ့ သုံးစွဲမှု ၀.၁ % ရာခိုင်နူန်းသာ ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top