Thursday, April 21, 2016

ဂွမြို့နယ်၏ အခက်အခဲ ၈ ခုကို ဖြေရှင်းနိုင်ရေး တွေ့ဆုံဆွေးနွေးမှုတရပ်ပြုလုပ်ခဲ့

ဇောင်းခ/RiA ၊ ဧပြီ ၂၁ ရက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အဓိက ရင်ဆိုင်နေရသည့် အခက်အခဲ ၈ ခုဖြစ်သည့် ညောင်းချောင်းကျေးရွာမှ စပါးစိုက်ပျိုးရာတွင် ရေငံမဝင်ရန် ကာထားသည့် တာဘောင်ကျိုးနေခြင်း၊ ညောင်းချောင်း-ဇီးကုန်း-တင်းတောကျေးရွာများသို့ ဆက်သွယ်ထားသည့် လမ်းပေါ်ရှိရေပြွန်များ ပျက်စီးနေခြင်း၊ ကိုင်းတောကွင်း၊ ဇီးကုန်း၊ ညောင်ချောင်းကျေးရွာတွင် သောက်သုံး ရေတွင်းတူးဖော်ပေးရန် လိုအပ်နေခြင်း၊ ဂွမြို့ပေါ်တွင် အမှိုက်များစနစ်တကျစွန့်ပစ်နိုင်ရန် နေရာစီစဉ်ပေးရန် လိုအပ်နေခြင်း၊ ဒီရေထိန်းသိမ်းရေးအဖွဲ့မှ အိမ်ခြံမြေကွက်များချထားပေးခြင်း၊ စစ်မှုထမ်းဟောင်းအိမ်ယာများ ဖော် ဆောင်ပေးထားခြင်း၊ ရဟိုင်ကူးတို့ကျေးရွာလမ်းများ ခင်းပေးရန်လိုအပ်နေခြင်း၊ ဘိုကလေးကျေးရွာဘက်မှ လယ်မြေများ၌ ကေဘယ်ကြိုးမြုပ်ရာတွင် လျော်ကြေးမရရှိခြင်းတို့ကို အမြန်ဆုံး ဖြေရှင်းနိုင်ရန်အတွက် ဂွမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရဌာနဆိုင်ရာအဖွဲ့ဝင်များ ယမန်နေ့ ဧပြီ ၂၀ ရက်နေ့က တွေ့ဆုံမှုတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲကို ဧပြီ(၂၀)ရက် ညနေပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဝေ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းတို့နှင့် ဂွမြို့မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီတို့အပါအဝင် အစိုးရဌာန (၆)ခုခန့်မှ တာဝန်ရှိသူ(၃၀)ဦးခန့်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top