နောင်ခိုင်အောင်/RiA ၊ ဧပြီ ၂၁ ရက်
ရက္ခိုင့်တပ်မတော် Arakan Army နှင့် ဆက်စပ်သူများဟု စွပ်စွဲဖမ်းဆီးခံထားရသူများမှ ၁၃ ဦးကို ယနေ့ ဧပြီ ၂၁ ရက်နေ့တွင် စစ်တွေမြို့တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့ရာတွင် တရားလိုပြသက်သေများ ရောက်မလာသဖြင့် ရုံးချိန်းကို ဧပြီ ၂၈ ရက်နေ့သို့ ထပ်မံရွေ့ဆိုင်းလိုက်ကြောင်း သိရသည်။
ရက္ခိုင့်တပ်မတော် Arakan Army နှင့် ဆက်စပ်သူများဟု စွပ်စွဲဖမ်းဆီးခံထားရသူများမှ ၁၃ ဦးကို ယနေ့ ဧပြီ ၂၁ ရက်နေ့တွင် စစ်တွေမြို့တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့ရာတွင် တရားလိုပြသက်သေများ ရောက်မလာသဖြင့် ရုံးချိန်းကို ဧပြီ ၂၈ ရက်နေ့သို့ ထပ်မံရွေ့ဆိုင်းလိုက်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံထားရသူများပြီး ပြီးခဲ့သည့် ဇန်န၀ါရီ ပထမသီတင်းကပင် ဖမ်းဆီးခံထားရသူများဖြစ်ပြီး ယခုတစ်ကြိမ် ရုံးချိန်းနှင့်ဆိုလျှင် ၈ ကြိမ်မြောက် ရုံးချိန်း ဖြစ်လာပြီး ၊ ယခုကဲ့သို့ ရုံးချိန်းအကြိမ်ကြိမ် ရွေ့ဆိုင်းနေမှုကို စိတ်ပျက်နေပြီ ဖြစ်ကြောင်း စွပ်စွဲခံများက ပြောသည်။
“ကျနော်တို့လို အဖမ်းခံခဲ့ကြတဲ့ လူတွေအားလုံးက ထောင်ကျခံရတဲ့ လူတွေပဲဆိုတော့ ကျနော်တို့ဖက်က ငြင်းရင်လည်းကျမှာပဲ။ မငြင်းရင်လဲ ထောင်ကျမှာပဲ။ အဲဒါကြောင့် အမြန်ဆုံး ဆုံးဖြတ်ချက် ချပေးစေချင်တာ တစ်ခုပဲပြောချင်ပါတယ်။” AA နှင့် ဆက်စပ်သူဟု စွပ်စွဲဖမ်းဆီးခံထားရသူ ကိုစောရန်နိုင်က ရုံးချိန်းရွေ့ဆိုင်းနေမှုနှင့် ပတ်သက်ပြီး ယနေ့ ဧပြီ ၂၁ ရက်နေ့ တရားရုံးမှအပြန်တွင် RiA ကို ပြောကြားခဲ့သည်။
စစ်တွေမြို့နယ်အကျဉ်းထောင်တွင် ရက္ခိုင့်တပ်မတော် AA နှင့် ဆက်စပ်ကြောင်း စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူ ၅၆ ဦးရှိပြီး ၁၃ ဦးမှာ အမှုကို ရင်ဆိုင်နေရဆဲဖြစ်ကာ ၄ ဦးကို ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့က နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် လွတ်မြောက်ခဲ့ပြီး စစ်တွေအကျဉ်းထောင်တွင် AA နှင့်ဆက်စပ်ကြောင်း စွပ်စွဲချက်နှင့် ဖမ်းဆီးခံထားရသူ ၅၂ ဦး ကျန်ရှိသေးကြောင်း သိရသည်။
အမှုနှင့် ပတ်သက်၍ လိုက်ပါဆောင်ရွက်ပေးနေသူ တက်ကြွလှုပ်ရှားသူ ကိုနိုင်နိုင်က " အခု အမှုရင်ဆိုင်နေရတဲ့ AA နဲ့ပတ်သက်သူလို့ စွပ်စွဲခံထားရသူများကို နိုင်ငံတော်သမ္မတရဲ့ နောက်တစ်ကြိမ် လွတ်ငြိမ်းခွင့်မှာ ပါနိုင်ဖို့ မျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့သည်။
ရက္ခိုင့်တပ်မတော် AA နှင့် အစိုးရတပ်များသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဧပြီလမှ စတင်ကာ ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်လာပြီးနောက် လာမည့် မတ်လ ပထမသီတင်းပတ်အတွင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ရက္ခိုင့်တပ်မတော် AA ၏ စစ်ခေါင်းဆောင်များနှင့် မြန်မာ့တပ်မတော်မှ ငြိမ်းချမ်းရေးဆွေးရေးအဖွဲ့တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

0 comments:
Post a Comment