Thursday, April 21, 2016

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် လျှပ်စစ်ဓါတ်အား ပိုမိုရရှိစေရန် ဓါတ်အားပေးစက်များ တိုးချဲ့ဆောင်ရွက်

ကိုဇိုင်း/RiA ၊ ဧပြီ ၂၁ ရက်

ကျောက်ဖြူမြို့နယ်တွင် လျှပ်စစ်ဓါတ်အားရရှိစေရန်အတွက် Vpower ကုမ္ပဏီက သဘာဝဓါတ်ငွေ့ကို အသုံးပြုပြီး  လှည်ပါတ်နိုင်သည့် Invest-Build-power(IBO) များကို တည်ဆောက်ပြီးစီးမှုအခြေအနေမှာ ၈၀ ရာခိုင်နှုန်းထိ ရှိပြီ ဖြစ်ကြောင်း သိရသည်။


ယင်းစက်များမှာ ဓါတ်အား မဂ္ဂါဝပ် ၉၀ အထိ တိုးချဲ့ထုတ်လုပ်နိုင်ပြီး မူလရှိသည့်  လျှပ်စစ်ဓါတ်အားပေး စက်ရုံမှာ ၂၃၀ မဟာကေဗီ ဓါတ်အားလိုင်း ကွန်ရက်အတွင်းသို့ ထည့်သွင်းပို့လွှတ်ရန် ဖြစ်ကြောင်း သိရသည်။

“ စက်တွေက ပြီးစီးခါနီးပြီးလို့ သိရပါတယ်၊ ဒီစက်တွေပြီးသွားရင် ရခိုင်တစ်ပြည်နယ်လုံး လျှပ်စစ်ဓါတ်အား သုံးစွဲမှုပါ ပိုပြီး ကောင်းသွားမှာပါ “ လို့ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီး ဦးညီညီလင်းက RiA ကို ပြောသည်။

၎င်းစက်များကို တည်ဆောက်ရန်အတွက် V POWER ကုမ္ပဏီက ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်းက တင်ဒါအောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top