မင်းမျိုးနွယ်/RiA ၊ ဧပြီ ၂၄ ရက်
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဖြစ် ပွားခဲ့သည့် တိုက်ပွဲများကြောင့် နတ်သရွေးကျေးမှ ဒုက္ခသည် ၇၂ ဦးတို့မှာ စစ်ဘေးရှောင်များအဖြစ် အထက် သင်းပုန်းတန်းကျေးရွာ သို့ ရောက်ရှိနေကြကြောင်း သိရသည်။
ယခုထွက်ပြေး လာခဲ့ကြသည့် ကျေးရွာသားများ နေထိုင်ရာ နတ်သရွေးကျေးရွာမှာ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာ အစိုးရတပ်မတော်တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွား ခဲ့ကြသည့် တောဖျားချောင်းဒေသတွင် တည်ရှိပြီး ၎င်းတို့မှာရွာနှင့် အနီးစပ်ဆုံးေ နရာတစ်ဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေကြသည့် အတွက် ကြောက်ရွံ့ကာ ကျေးရွာကို စွန့်ခွာ ထွက်ပြေးလာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
“အထက် သင်းပုန်းတန်းကျေးရွာကို နတ်သရွေး ရွာသားတွေရောက်နေတယ်လို့  သိရပါတယ်။ လူဦးရေတော့ သိပ်မများဘူး။ ၇၀ ကျော်လို့တော့ ရွာသားတွေပြောပါ တယ်။ ကျွန်တော်တို့ မနက်ဖြန်သူတို့ကို ရိက္ခာတွေ သွားပို့မလို့ စီစဉ်နေပါ တယ်။ ဆန်၊ဆီ၊ဆားနဲ့ ငါးပိတွေကို အဓိက ယူသွားမှာဖြစ်ပါ တယ်။”ဟု ပုဏ္ဏားကျွန်းမြို့ ကယ်ဆယ်ရေးနှင့်  ထောက်ပံ့ကူညီရေးအဖွဲ့မှ ကိုသိန်းဝဏ္ဏကပြောသည်။
ယင်းသို့ ဒေသခံ တိုင်းရင်းသားများ လုပ်ကို င်စာသောက်နေကြသည့် နယ်မြေအတွင်း တိုက်ပွဲများ ရုတ်တရက်ဖြစ်ပွားလာ ခဲ့သည့်အတွက် ဒေသခံများမှာ ကျေးရွာအပြင် မိမိတို့ လုပ်ကိုင် စာသောက်နေကြသည် စိုက်ခင်းများနှင့် တခြားသော အလုပ်အကိုင်များကို စွန့်လွှတ်ကာ ထွက်ပြေးလာနေကြကြော င်း ရခိုင်ပြည်နယ်အတွင်း ယင်းသို့ ထွ က်ပြေးလာခဲ့ကြသည့် စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း မြို့နယ်သုံးခုတွင် ၅၅၃ ဦးအထိ ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။
“ဒီနေ့ကျွန်တော် ထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးရှောင်ရွာသားတွေကို ထောက်ပံ့ရေးပစ္စည်းတွေ သွားပေးေ နပါတယ်။ အခုလောလောဆယ်တော့ ကြားရွာ တစ်ရွာကိုရောက်နေပါတယ်။ မနက်မှ သင်းပုန်းတန်းကို သွားမြှာ ဖစ်ပါတယ်။ ထောက်ပံ့ပေးဖို့ အတွက် ရိက္ခာတွေလည်းပါတယ်။ မနက်ဖြန်မှာတော့ ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးနဲ့ လူမှုအဖွဲ့အစည်းတွေ အကူအညီလာဖို့ ရှိပါတယ်။”ဟု ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောသည်။
အဆိုပါကျေးရွာသားများမှာ လွန်ခဲ့သည့်လေးရက်ခန့် သင်္ကြန်ကာလအတွင်းက ထွက်ပြေးလာခဲ့ ကြခြင်းဖြစ်ရာ လက်ရှိအခြေအနေတွင် ၎င်းတို့တွင် ယူဆောင်လာခဲ့ကြသည့် ရိက္ခာများဖြင့် ချွေတာ စားသောက်ေ နကြရကြောင်း အလုပ်အကိုင်များ လုပ်ကိုင်ရန် အဆက်အသွယ် ဖြတ်တောက်ထားသည့် အတွက် စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆို င်နေရသည့်အတွက် ယခုကဲ့သို့ ထွက်ပြေးလာကြခြင်ြး ဖစ်ကြောင်း စစ်ဘေးရှောင်များ တိမ်းရှောင်ေ နကြသည့် အထက်သင်းပုန်းတန်းကျေးရွာမှ ဦးကျော်ဝင်းက ပြောကြားခဲ့သည်။
0 comments:
Post a Comment