![]() |
လေဆင်နှမောင်းဒဏ်သင့်မြောက်ဦးမြို့ရှိ မြင်ကွင်း (ဓာတ်ပုံ - CJ) |
ယမန်နေ့က တိုက်ခတ်ခဲ့သည့် လေဆင်နှမောင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မြောက်ဦးမြို့နယ်ရှိ အဆောက်အဦများနှင့် လေဘေးဒုက္ခသည်များကို ရခိုင်ပြည်နယ် ၀န်ကြီးချူပ် ဦးညီပုက ယနေ့ ဧပြီ ၂၅ ရက်နေ့တွင် သွားရောက်တွေ့ဆုံ ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လေဆင်နှမောင်း တိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ် မြောက်ဘက် ၃ မိုင်ခန့် အကွာတွင် တည်ရှိသည့် အုတ်ဖိုကန်ကျေးရွာနှင့် သံချောင်း ရွာသစ်တို့မှ ဘာသာရေး အဆောက်အဦးများ၊ ဆေးပေးခန်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ အပါအဝင် အဆောက်အဦးပေါင်း ၆၀ ဝန်းကျင်ပျက်စီး ဆုံးရုံးခဲ့ရကြောင်း သိရသည်။
“လေးတိုက်တာက မနေ့က မနက်ပိုင်း ၇နာရီ ၁၅ လောက်မှာ တိုက်တာပါ။ လေတိုက်ပြီးမကြာခင်မှာ ကျွန်တော်အဲဒီကျေးရွာတွေကို သွားကြည့်တော့ နှစ်ရွာပေါင်းပျက်စီး အိမ်ခြေနဲ့ တခြားအဆောက်အဦးတွေက ၇၅ ရာခိုင်နှုန်းလောက်ထိ ပျက်စီးသွားပါတယ်။ အပျက်အစီး များတာကတော့ သံချောင်းရွာသစ်မှာ ပိုများပါတယ်။ အဲဒီရွာမှာ လုံးဝပျက်စီးသွားတဲ့ အဆောက်အဦးကတော့ ၁၆ ဆောင်ရှိပါတယ်။ အခုအဲဒီမိသားစုတွေဟာ ဆွေမျိုးအိမ်တွေမှာ ယာယီတည်းခိုနေကြပါတယ်။”ဟု လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းသာစိန်က ပြောသည်။
ယင်း လေဘေးဒုက္ခသည်များအား မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနမှ ၎င်းတို့အတွက်အစား ဆန်ရေများ လာရောက် အကူအညီပေးထားကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှလည်း ဝန်ကြီးချုပ် ကိုယ်တိုင်ရောက်ရှိလာပြီး နေအိမ်ပျက်စီးသွားသည့် မိသားစုများအား တစ်အိမ်ထောင်လျှင် ကျပ်ငွေငါးသိန်းစီနှင့် မုန့်ပဲသရေစာများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
0 comments:
Post a Comment