ဇောင်းခ/RiA ၊ ဧပြီ ၂၄ ရက်
မြောက်ဦးမြို့နယ်ရှိ ဒေသခံများ ပုံမှန်အသုံးပြုနေသည့် ရေတွင်းရေကန် ၁၀ ခု ခန့်မှာ ရာသီဥတုပူပြင်း မှုကြောင့် ရေခမ်းခြောက်ခဲ့ပြီး သောက် သုံးရေပြတ်လပ်မှုနှင့် ကြုံတွေ့နေကြရကြောင်း သိရသည်။
မြောက်ဦးမြို့နယ်ရှိ ဒေသခံများ ပုံမှန်အသုံးပြုနေသည့် ရေတွင်းရေကန် ၁၀ ခု ခန့်မှာ ရာသီဥတုပူပြင်း မှုကြောင့် ရေခမ်းခြောက်ခဲ့ပြီး သောက် သုံးရေပြတ်လပ်မှုနှင့် ကြုံတွေ့နေကြရကြောင်း သိရသည်။
"ရေတွင်းရေကန်တွေကတော့ ခမ်းနေပြီ။ ကျွန်တော်တို့ အ၀ီစီတွင်းတူးဖို့ လိုအပ်နေပါတယ်။" မြောက်ဦးမြို့နယ် ဒေသခံ ဦးနိုင်ချေက ပြောသည်။
မြောက်ဦးမြို့နယ် ရေရှားပါးမှုကို ဖြေရှင်းနိုင်ရန် မြောက်ဦးမြို့နယ်စည်ပင်သာယာရေးကော်မတီက ရေကန်ကြီးတစ်ကန်မှ ရေကို တင်ကာ ပေးဝေနေသော်လည်း ဒေသရှိ ရပ်ကွက်ကျေးရွာများသို့ ပြန့်နှံ့စွာ မရောက်ရှိဘဲ မြို့ပေါ် ရပ်ကွက်ကြီးတချို့ကိုသာ ရေရောက်ရှိကြောင်း ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ်တွင် လာမည့် မေလ ပထမသီတင်းပတ်မှ စတင်ကာ ပြည်နယ်၏ ကျေးရွာ ၃၀၀ ခန့်မှာ သောက်သုံးရေပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့ရမည်ဟု ရခိုင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးထွန်းဝေက ပြောကြားခဲ့သည်။
လတ်တလော သတင်းများအရ ရခိုင်ပြည်နယ်၏ ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်တို့မှာ သောက်သုံးရေပြတ်လတ်မှုနှင့် ကြီးမားစွာ ရင်ဆိုင်နေရပြီး ကျန်ဒေသတချို့မှာ သောက်သုံးရေကို ချွေတာစွာ သုံးစွဲနေကြရသည်။
မြောက်ဦးမြို့နယ်သည် ပြီးခဲ့သည့် ကိုမန်မုန်တိုင်းကာလက ရေဖုံးလွှမ်းမှုဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရကာ ဒေသ၏ ရေတွင်းရေကန်များမှာ ရေဆိုးများဝင်ရောက်မှုကြောင့် စုတ်ယူထုတ်ပစ်ခဲ့ရပြီး ယခု အယ်လ်နီညိုရာသီဥတု ပူပြင်းမှုဒဏ်ကြောင့် ရေခမ်းခြောက်မှုနှင့် ထပ်မံကြုံတွေ့နေရသောကြောင့် ဒေသခံများမှာ မိုးရာသီမ၀င်ရောက်မီအချိန်ထိ သောက်သုံးရေ လုံလောက်စွာ မရရှိမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
0 comments:
Post a Comment