Friday, February 12, 2016

ရခိုင်မှာ သဘာဝ ဓာတ်ငွေ့တွင်း ထပ်တွေ့ပြန်

Credit: ABC
ရန်ကုန်/RiA ၊ ဖေဖေါ်ဝါရီ ၁၂ ရက်


သြစတြေးလျနိုင်ငံက ​Woodside ​ရေနံ ​ရှာဖွေရေး ​ကုမ္ပဏီက ​မြန်မာနိုင်ငံမှာ ​သဘာဝ ​ဓာတ်ငွေ့တွင်းတစ်ခု ​ထပ်မံ ​တွေ့ရှိတယ်လို့ ​ABC သတင်းဖော်ပြချက်အရ သိရပါတယ်။

အဆိုပါ ဓာတ်ငွေ့တွင်းမှာ ရခိုင်ပြည်နယ် ​သာလင် ​အမှတ် ​၁ ​(က) ​မှာ ​သဘာဝ ​ဓာတ်ငွေ့တွင်းကို ​တွေ့ရှိတာဖြစ်ပြီး ​အနက် ​၃ ​ကီလိုမီတာလောက်မှာသာ ​တည်ရှိတယ်လို့ ​ဆိုပါတယ်။


Woodside ​ကုမ္ပဏီဟာ ​ပြီးခဲ့တဲ့ ​ဇန်နဝါရီလတုန်းကပဲ ​ရခိုင်ပြည်နယ်က ​ရွှေရည်ထွန်း ​အမှတ် ​၁ ​တွင်းမှာ ​ဓာတ်ငွေ့တွေကို ​တွေ့ရှိခဲ့ပြီ ​ဖြစ်ပါတယ်။

ရွေရည်ထွန်း ​အမှတ် ​၁ ​ရှာဖွေတူးဖော်ရေး ​လုပ်ကွက်ဟာ ​သာလင်အမှတ် ​၁ ​(က) ​ရှာဖွေတူးဖော်ရေး ​လုပ်ကွက်ရဲ့ ​တောင်ဘက်ပိုင်းမှာသာ ​တည်ရှိတယ်လို့ ​ဆိုပါတယ်။

ရခိုင်ပြည်နယ် ​မြစ်ဝကျွန်းပေါ်ရဲ့ ​တောင်နဲ့မြောက်မှာ ​သဘာဝ ​ဓာတ်ငွေ့တွင်း ​နှစ်ခုကို ​တွေ့ရတာဟာ ​ကုမ္ပဏီအတွက် ​အင်မတန် ​ကောင်းမွန်တဲ့ ​ရလဒ်ဖြစ်တယ်လို့ ​Woodside ​ကုမ္ပဏီရဲ့ ​အကြီးအကဲ ​Peter ​Coleman ​က ​ပြောတယ်လို့ ​Business ​News ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ရွှေရည်ထွန်း ​အမှတ် ​၁ ​တွင်းကို ​Woodside ​က ​၄၀% ​ပိုင်ဆိုင်ပြီး ​ပြင်သစ်နိုင်ငံက ​Total ​ကုမ္ပဏီကာ ​၄၀%နဲ့ ​မြန်မာနိုင်ငံက ​MPRL ​ကုမ္ပဏီက ​၂၀% ​ပိုင်ဆိုင်ထားပါတယ်။

သာလင် ​အမှတ် ​၁ ​(က) ​တွင်းမှာတော့ ​Woodside ​ကုမ္ပဏီက ​၄၀%၊ ​Daewoo ​ကုမ္ပဏီက ​၆၀% ​ပိုင်ဆိုင်တယ်လို့ ​သိရပါတယ်။

Woodside ​ကုမ္ပဏီဟာ ​ရခိုင်ကမ်းလွန်ဒေသမှာ ​ရှာဖွေတူးဖော်ရေး ​လုပ်ဖို့ ​အကွက်ပေါင်း ​၆ ​ခု ​ရရှိထားပြီး ​အကျယ်အဝန်းအားဖြင့် ​စတုရန်း ​ကီလိုမီတာ ​၄၇၀၀၀ ​ရှိပါတယ်။

ဒါဟာ ​Woodside ​ကုမ္ပဏီရဲ့ ​ကမ္ဘာတခွင် ​ရှာဖွေတူးဖော်မှုရဲ့ ​၂၀% ​ဖြစ်ပါတယ်။

Woodside ​ကုမ္ပဏီဟာ ​အာဖရိကတိုက်နဲ့ ​နယူးဇီလန် ​အစရှိတဲ့ ​နိုင်ငံတွေမှာလည်း ​ရှာဖွေ ​တူးဖော်ခွင့်ရထားပေမယ့် ​အောင်မြင်မှု ​မရှိဘူးလို့ ​သိရပါတယ်။

ဒါပေမဲ့ ​မြန်မာနိုင်ငံမှာတော့ ​စီးပွားဖြစ် ​ထုတ်ယူနိုင်မယ့် ​သဘာဝ ​ဓာတ်ငွေ့သိုက်တွေကို ​ဆက်တိုက်ဆိုသလို ​တွေ့ရှိနေတာ ​ဖြစ်ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top