Friday, February 12, 2016

ပင်လယ်ပြင် မထွက်ရဲတာကြောင့် ရခိုင် ရေလုပ်သားများ အခက်တွေ့နေ

ကမ်းနီးငါးဖမ်းလှေတချို့ (ဓာတ်ပုံ - မင်းမျိုးနွယ်/RiA)
စစ်တွေ/RiA ၊ ဖေဖေါ်ဝါရီ ၁၂ ရက်

ရခိုင်ဒေသ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများမှာ ယခင်က ပင်လယ်ပြင်သို့ ထွက်ကာ ငါးဖမ်းခဲ့ကြပေမယ့် ၂၀၁၂ ခုနှစ် ပဋိပက္ခအလွန်ကာလတွင် ပင်လယ်ပြင်အတွင်း ဘင်္ဂလီများက အဲဒီနေရာတွေမှာ ငါရှာဖွေဖမ်းဆီးမှု အများအပြား ပြုလုပ်နေ ကြတာကြောင့် ရခိုင်တိုင်းရင်းသား များမှာ ကမ်းနီးများတွင်သာ ရှာဖွေနေရတယ်လို့ ရေလုပ်သား များက ပြောပါတယ်။

“ကျွန်တော်တို့က ပင်လယ်နားမှာ နေတဲ့သူတွေဖြစ်တဲ့ အတွက်ကြောင့် ငါးဖမ်းတဲ့ အလုပ်ကိုပဲ အဓိက လုပ်ကိုင်ကြပါတယ်။ လယ်တွေ ဘာတွေလဲမရှိဘူး။ တခြားစီးပွားရေးလဲ မလုပ်ကြဘူး။ အရင်ကတော့ ပင်လယ်ထဲကို သွားပြီး ငါးဖမ်းလို့ အဆင်ပြေပါတယ်။ နောက်ပိုင်းမှာ ဘင်္ဂလီတွေက ပင်လယ်ထဲမှာ များလာတဲ့ အတွက်ကြောင့် ကျွန်တော်တို့က ပင်လယ်ကို မထွက်ရဲကြတော့ဘူး။ ကျွန်တော်တို့က လှေငယ်လေးတွေနဲ့ ဆိုတော့ လူကသိပ်မပါဘူးလေ။ နှစ်ယောက်သုံးယောက်လောက်နဲ့ပဲ သွားရတာဆိုတော့ အန္တရာယ်များတယ်။ ဒါကြောင့် ကမ်းနီးမှာပဲ ဖမ်းနေရတယ်။ အရင်ကလိုတော့ အဆင်မပြေဘူးပေါ့။” လို့ ရေလုပ်သား ကိုသန်းမောင်ဦးက RiA ကို ပြောပါတယ်။

အဆိုပါ ရေလုပ်သားများအနေနဲ့ ကမ်းနီးရေပြင်တွေမှာ ဖမ်းဆီးမှုတွေကို ပြုလုပ်နေပေမယ့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် တခြား စီမံကိန်းများကြောင့် ကမ်းနီးငါးဖမ်းကွက်များအတွင်းမှ တချို့နေရာများကို ငါဖမ်းဆီးခွင့် တားမြစ်ထားတာကြောင့် ငါးရှာဖွေဖမ်းဆီးရရှိမှု နည်းပါးလာပြီး ရေလုပ်သားများရဲ့ စီးပွားရေး အခက်တွေ့နေရတယ်လို့ သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top