စစ်တွေ/RiA ၊ ဖေဖေါ်ဝါရီ ၈ ရက်
၂၀၁၆ ရခိုင်ပြည်နယ်လွှတ်တော်ကို အကောင်းမွန်ဆုံး ထိန်းညှိနိုင်ရန် အကြံပြုဖို့ ပြည်နယ်ဝန်ကြီးချူပ်အဖြစ် ထပ်မံ အရွေးခံရန် သတင်းထွက်ပေါ်နေတဲ့ ၀န်ကြီးချူပ်ဟောင်း ဦးမောင်မောင်အုန်းက ဒေါက်တာ ဦးအေးမောင်ထံမှ ယနေ့တွင် တောင်းဆိုလိုက်ပါတယ်။
အဆိုပါ တောင်းဆိုမှုကို ဒီကနေ့ ဖေဖေါ်ဝါရီ ၈ ရက်နေ့တွင် စတင် ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ နှင့် ဒုဥက္ကဌ ရွေးချယ် တင်မြောက်ပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပြီး ဒေါက်တာ ဦးအေးမောင်မှာ လေ့လာသူအဖြစ် တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။
“နိုင်ငံတော်အဆင့် လွှတ်တော်ကိုယ်စားလှယ်ကြီးဆိုတော့ ရခိုင်ပြည်နယ် လွှတ်တော်ကို ဒီထက် အဆင်မြင့်အောင် လုပ်ပေးပါ၊ အဆင့်မြင်အောင် ကျနော်လည်း ရခိုင်ပြည်နယ်လွှတ်တော်အစိုးရကို အကောင်းဆုံးတတ်နိုင်သလောက် အကောင်းဆုံး ပူးပေါင်းပါဝင်သွားမှာ ပါ၊ ဒါဟာ ရခိုင်ပြည်နယ်ကြီးကောင်းဖို့အတွက်ပါပဲ” လို့ ဦးမောင်မောင်အုန်းက ပြောပါတယ်။
လက်ရှိအခြေအနေရ ရခိုင်ပြည်နယ် လွှတ်တော်ကို ANP က ထိန်းချူပ်နိုင်ခဲ့ပြီဖြစ်ပေမယ့် အစိုးရအဖွဲ့ကို ပေါင်းစပ်ညှိနှိုင်းက ဆက်လက် ထိန်းသိမ်းဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း ရခိုင်အမျိုးသားပါတီ မြေပုံမဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက RiA ကို ပြောပါတယ်။
“လွှတ်တော် ဥက္ကဌ နေရာကို ANP က ဦးစံကျော်လှ နဲ့ ဒုဥက္ကဌ နေရာကို ဦးဖိုးမင်းတို့က ကန့်ကွက်သူမရှိ ရွေးချယ်ခံခဲ့ရပါတယ်။ ဆက်လက်ပြီးတော့ ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့နိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

0 comments:
Post a Comment