စစ်တွေ/RiA ၊ ဖေဖေါ်ဝါရီ ၈ ရက်
ရက္ခိုင့်တပ်မတော် Arakan Army နဲ့ ဆက်စပ်ကြောင်း စွဲချက်နှင့် ဖမ်းဆီးခံထားရတဲ့ ရခိုင်လူငယ် ၁၆ ဦးထက်မနည်း ရှိနေပြီး ၎င်းထဲမှ ၁ ဦးကို ဒီကနေ့ ဖေဖေါ်ဝါရီ ၈ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

ပြန်လည်လွှတ်မြောက်လာသူမှာ ကုန်တန်းရပ်ကွက်၊ လှည်းတန်းလမ်းနေ ကိုဆန်းဝင်းထွန်း ဖြစ်ပြီး သူ့ကို ဇန်န၀ါရီ ၂၂ ရက်နေ့က စစ်တွေမြို့၊ မြို့မဈေးကနေ အာနိုး (ခ) ကျော်စိုးမိုးနဲ့ အတူ ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
"ခုလေးတင် ပြန်လွတ်လာတာပါ။ ည ၇ နာရီခွဲလောက်မှာပါ။ ခုလောလောဆယ်တော့ ဘာမှ မပြောချင်ပါဘူး။" လို့ ကိုဆန်းဝင်းထွန်းရဲ့ အစ်မဖြစ်သူ မလှလှတင်က RiA ကို ပြောပါတယ်။
ကိုဆန်းဝင်းထွန်း ပြန်လွတ်လာချိန်တွင် ဒဏ်ရာတစ်စုံတရာ မရရှိခဲ့ကြောင်း သူ့ မိသားစုဝင်များက အတည်ပြု ပြောကြားပါတယ်။
ပြန်လည်လွတ်မြောက်လာသူ ကိုဆန်းဝင်းထွန်းနှင့် RiA မှ တွေ့ဆုံရန် ကြိုးပမ်းခဲ့ပေမယ့် ယခု လောလော ဆယ်တွင် ၎င်းမှာ မိခင်နှင့်အတူ နေအိမ်အပြင်သို့ လိုက်ပါသွားပြီး မနက်ဖြန် ဖေဖေါ်ဝါရီ ၉ ရက်နေ့တွင် ရဟန်းပြုရန် အစီအစဉ်ရှိကြောင်း ကိုဆန်းဝင်းထွန်းရဲ့ အစ်မဖြစ်သူ မလှလှတင်က ပြောပါတယ်။

ရက္ခိုင့်တပ်မတော်နဲ့ ဆက်စပ်သူများလို့ စွဲချက်နဲ့ ရခိုင်ဒေသအသီးသီးက လူငယ်များကို ဇန်န၀ါရီ ၈ ရက်နေ့ကနေ မြန်မာ့တပ်မတော်ဘက်က ဖမ်းဆီးခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၈ မှာ ဖြစ်ပွားခဲ့တဲ့ AA နှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲဆိုင်ရာ နောက်ဆက်တွဲ
စောင့်ကြည့် မှတ်တမ်းတင်မှုများ အရ အနည်းဆုံး ၁၆ ဦးထက် မနည်း ဖမ်းဆီးခံထားရကြောင်း သိရပါတယ်။

0 comments:
Post a Comment