Tuesday, January 19, 2016

ရခိုင်ဒေသတွင်း စားနပ်ရိက္ခာဖူလုံမှု DRD နှင့် WFP မှ စောင့်ကြည့် လေ့လာသွားမည်

စစ်တွေ/RiA ၊ ဇန်န၀ါရီ ၁၉ ရက်
သဘာဝဘေးအန္တရာယ်ကျရောက်မှုနဲ့  အရေးပေါ်အခြေနေတွေမှာ ပြုလုပ်လေ့ရှိတဲ့ စားနပ်ရိက္ခာ ဖူလုံရေး စောင့်ကြည့် လေ့လာခြင်းစနစ်ကို ရခိုင်ပြည်နယ်မှာ စတင်ပြုလုပ်သွားမယ်လို့ သိရှိရပါတယ်။

အထူးသဖြင့် ကိုမန်မုန်တိုင်းဒဏ်သင့် ကျေးရွာတွေနဲ့ ကျေးလက်ဒေသတွေမှာ ရှိတဲ့ မိသားစုဘဝတွေရဲ့ စားနပ်ရိက္ခာ လုံလောက်မှု၊ အိမ်ထောင်စုတွေရဲ့ အစားအစာရရှိနိုင်မှု အခြေနေတွေကို စောင့်ကြည့်လေ့လာပြီး စာရင်းအချက်လက် ကောက်ယူသွားမှာပါလို့ ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး (DRD) မှ ညွန်ကြားရေးမှူး  ဦးထွန်းဝေက RiA ကို ပြောပါတယ်။
“ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှာ ရှိတဲ့ ကျေးလက်ဌာနက လူငယ်တွေကို စားနပ်ရိက္ခာစာရင်း အချက်လက် ကောက်ယူခြင်းနဲ့ ပါတ်သက်ပြီး ခေါ်ယူ သင်တန်းပေးသွားမှာပါ။ လိုအပ်တဲ့ ထောက်ကူပြုပစ္စည်းတွေကို WFP အကူညီနဲ့ပါ၊ အဓိကတော့ အရေးပေါ် အခြေနေဖြစ်ခဲ့တဲ့ ဒေသတွေနဲ့ ဖြစ်ပြီး အခြေနေ၊ မဖြစ်သေးမည် အခြေနေတွေကို နှိုင်းယှဉ်ပြီး ကောက်ယူသွားမယ့် စနစ်နဲ့ လုပ်ဆောင်သွားမှာပါ”
စားနပ်ရိက္ခာဖူလုံမှု စောင့်ကြည့် အစီစဉ်ကို ရခိုင်ပြည်နယ်မှာ  စစ်တွေနဲ့ မောင်တောဒေသတွင် စားနပ်ရိက္ခာဖူလုံမှုဆိုင်ရာ အရင်းမြစ်ဗဟိုဌာန ဆိုပြီး ဖွင့်လှစ်သွားမယ်လို့လည်း ဦးထွန်းဝေက ဆိုပါတယ်။
စားနပ် ရိက္ခာဖူလုံမှု စောင့်ကြည့်လေ့လာရေး အစီစဉ်နဲ့ ပါတ်သက်ပြီး ရခိုင်ပြည်နယ်မှာ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို WFP စစ်တွေ ရုံးမှ တာဝန်ခံ မစ္စ ဘက်တိုရီယား တီအေ အေဆ် က ခုလိုပြောပါတယ်။
“ ဒီအစီစဉ်နဲ့ ပါတ်သက်ပြီး ပါဝင်မယ့် ကျေးလက်ဌာနရဲ့ ဝန်ထမ်းတွေကိုလည်း အရည်သွေးပြည့်မီအောင် စွမ်းရည်မြင့် သင်တန်းတွေ ပို့ချသွားမှာပါ။ ဒီအစီစဉ်ရဲ့ ရည်ရွယ်ချက် ထွက်ရှိလာတဲ့ ကိန်းဂဏန်းတွေနဲ့ သတင်းအချက်လက်တွေ အပေါ် မူတည်ပြီး လူမှုအဖွဲ့အစည်းတွေအနေနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ လွယ်ကူစေကြမှာပါ”
ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ WFP မှာ စားနပ်ရိက္ခာ ဖူလုံမှု စွမ်းအားအရင်းမြစ်ဌာနကို ၂၀၁၃ ခုနှစ်တွင် ချင်းပြည်နယ် ဟားခါးမြို့မှာ ဖွင့်လှစ်ခဲ့ပြီး ၂၀၁၄-၁၅ ခုနှစ်တွေမှာ မကွေး၊ ဟားခါး၊ လားရှိုး၊ တောင်ကြီး၊ စစ်တွေ၊ မောင်တော တို့မှာ အလုပ်ရုံ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ကြပြီး စစ်တွေမြို့နယ်မှာ စားနပ်ရိက္ခာဖူလုံမှု စွမ်းအားအရင်းမြစ်ဌာနကိုတော့ ပထမ အဆုံးကြိမ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်လို့လည်း  ဘက်တိုရီယား တီအေ အေဆ်ရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top