ပုဏ္ဏားကျွန်း/RiA ၊ ဇန်နဝါရီ ၂၆ ရက်
ပုဏ္ဏားကျွန်းမြို့နယ်ဟာ ယမန်နှစ် ပွင့်လင်းရာသီမှာ သောက်သုံးရေ ရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်ခဲ့ရပြီး ယခုနှစ်တွင်လည်း အဆိုပါ ပြဿနာနှင့် စတင်ကြုံတွေ့နေရပြီ ဖြစ်ကြောင်း သိရပါတယ်။
“ ပုဏ္ဏားကျွန်းမြို့မှာ သောက်သုံးရေအဖြစ် အဓိက အားကိုးနေရတာကတော့ ဂူဝရေကန် တစ်ခုတည်းရှိပါတယ်။ အဲဒီကန်က ရေကို မြို့ကို ဖြန့်ဝေတာပါ။ အရင်ကတော့ တစ်ရက်ခြားပေးတယ်။ အခုက ရေခမ်းလာတဲ့ အတွက်ကြောင့် သုံးရက်မှ တစ်ကြိမ်ပေးပါတယ်။ မိနစ် ၃၀ လောက်အတွင်းမှာ ပေးတဲ့ ရေလေးကို လောက်ငှအောင် အသုံးပြုနေရပါတယ်။” လို့ ဒေသခံ ဦးမောင်နှောင်းက RiA ကို ပြောပါတယ်။
ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ မြို့နယ်တွေဟာ ပွင့်လင်းရာသီတွင် သောက်သုံးရေ ရှားပါးမှု ပြဿနာနှင့် ကြုံတွေ့ရလေ့ရှိပြီး အထူးသဖြင့် ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော စတဲ့ မြို့နယ်များမှာ ကျန်ဒေသများထက် ပိုမို ဆိုးရွားစွာ ရင်ဆိုင်ရကြောင်း သိရပါတယ်။
ယမန်နှစ် ၂၀၁၅ မှာ ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ကိုမန်မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ် ဒေသအသီးသီးရှိ သောက်သုံးရေလှောင်ကန်များမှာ နစ်မြုပ်ပျက်စီးခဲ့တဲ့အတွက် ယခုနှစ်တွင် ရေရှားပါးမှုပြဿနာနှင့် ပိုမို ကြုံတွေ့နိုင်တာကြောင့် ဒေသခံများ စိုးရိမ်နေကြပါတယ်။
0 comments:
Post a Comment