![]() |
ဗုံးခိုကျင်းတွင် နေရသော ရခိုင်စစ်ရှောင် ချင်းဒုက္ခသည် (ဓာတ်ပုံ/CW) |
ပလက်ဝ/RiA ၊ ဇန်န၀ါရီ ၂၁ ရက်
ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ် နယ်နိမိတ်တွင် ပါဝင်ကြောင်း ရက္ခိုင့်တပ်မတော်၏ အယူအဆနှင့် ပတ်သက်၍ ချင်းအမျိုးသားတပ်ဦးအနေနှင့် AA အပေါ် တုံ့ပြန်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF ၏ စစ်ဘက်ရေးရာ အတွင်းရးမှူး ဗိုလ်မှူး ဆော်လာမွန်ရဲ့ ပြောကြားချက်ကို ကိုးကာပြီး ချင်းပြည်နယ်အခြေစိုက် Chin World Media က ရေးသားဖော်ပြခဲ့ပါတယ်။
![]() |
ရခိုင်စစ်ရှောင် ချင်းဒုက္ခသည်များ (ဓာတ်ပုံ/CW) |
ဒါ့အပြင် ပလက်ဝမြို့နယ်အတွင်း AA က မြေမြုပ်မိုင်းထောင်ခြင်း၊ ဒေသခံ အမျိုးသမီး ၃ ဦးအပါအ၀င် ပြည်သူ ၁၅ ဦးကို မတရား ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ချင်းလူမျိုးထံများမှ စားနပ်ရိက္ခာများ လုယက်ခြင်းတို့နှင့် ပတ်သက်၍ လောခီးလာ တိုင်းရင်းသားတပ်မတော်များအဖွဲ့ ညီလာခံတုန်းက AA အပေါ် အဆိုပါ ကိစ္စရပ်တွေကို ပြောကြားခဲ့ရာမှာ AA ခေါင်းဆောင်များက ၎င်းကိစ္စရပ်များမှာ အောက်ပိုင်းက လူငယ်များရဲ့ ပြောဆိုချက်သာ ဖြစ်ကြောင်း ဖြေကြားခဲ့ပြီး ဒါကို ဆင်ဆင်ခြင်ခြင် လုပ်ပါမယ်ဟု ကတိပေးပြောကြားခဲ့ပေမယ့် ယခု ထပ်မံ ပေါ်ပေါက်လာတာကြောင့် AA နှင့် CNF အမြန်ဆုံး တွေ့ဆုံနိုင်ရန် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်းလည်း CNF ဗိုလ်မှူးကြီး ဆော်လာမွန်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး Chin World သတင်းစာက ရေးသားခဲ့ပါတယ်။
အဆိုပါ ပလက်ဝမြို့နယ် နယ်နိမိတ်ဆိုင်ရာ အယူအဆများ၊ AA ရဲ့ ပလက်ဝမြို့နယ် အတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဇန်န၀ါရီ ၁၉ ရက်နေ့မှာ ခူမီးအရပ်ဖက် အဖွဲ့အစည်းများမှ ကြေညာချက်ထုတ်ပြန်ခဲ့ပေမယ့် ယခုအချိန်ထိ ရက္ခိုင့်တပ်မတော် AA ဘက်မှ တစုံတရာ တုံ့ပြန်မှု မပြုလုပ်သေးတာကို တွေ့ရပါတယ်။
![]() |
AA အပေါ် ခူမီးအရပ်ဖက်အဖွဲ့အစည်းများ ထုတ်ပြန်ချက် (ဓာတ်ပုံ/CW) |
![]() |
AA အပေါ် ခူမီးအရပ်ဖက်အဖွဲ့အစည်းများ ထုတ်ပြန်ချက် (ဓာတ်ပုံ/CW) |
0 comments:
Post a Comment