![]() |
AA စက်လက်နက်ပစ္စည်းများ (ဓာတ်ပုံ - မြ၀တီ) |
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျောက်တော်မြို့နယ်၊
ရမ်းချောင်း-ရူးချောင်းနယ်မြေအတွင်း ရက္ခိုင်တပ်မတော်မှ ဝင်ရောက်လာကြောင်း
သတင်းရရှိသဖြင့် တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းခဲ့ရာ
တိုက်ပွဲငယ်များ ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ မနေ့ည ဇန်န၀ါရီ ၇ ရက်နေ့
မြဝတီသတင်းမီဒီယာမှာ ပထမဦးဆုံး စတင် ဖော်ပြထားခဲ့ပါတယ်။
မြဝတီ သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီဇင်ဘာလ ၂၈ ရက်မှ ဇန်နဝါရီလ ၄ ရက်ထိ
ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ၁၅ ကြိမ်ရှိခဲ့ပြီး လက်ဖြောင့် သေနတ်ဖြင့်
ချောင်းမြောင်းပစ်ခတ်မှုကြောင့် တပ်မတော်မှ တပ်ရင်းမှူး ၁ ဦး အပါအဝင်အရာရှိ၊
စစ်သည်တချို့ ဒဏ်ရာ ရရှိခဲ့တယ်လို့ရေးသားထားပါတယ်။
ရက္ခိုင်တပ်မတော်
AA ဘက်ကတော့ အလောင်းသုံးလောင်းနှင့် သေနတ် ၁ လက်၊ ကျည်မျိုးစုံ ၁၂၅၀
တောင့်၊ မိုင်းမျိုးစုံ ၄၄ လုံး၊ လက်ပစ်ဗုံး ၁၀ လုံး၊ လူနေတဲ ၁၅ လုံး၊ ဆန်
၄၂ အိတ်၊ ဆီ ၁၅ ပုံးနှင့် ဆေးဝါးမျိုးစုံတို့အား သိမ်းဆည်းရမိခဲ့တယ်လို့
မြဝတီ သတင်းစာမှာ ဖော်ပြထားပါတယ်။
အစိုးရ တပ်မတော်ဘက်မှ
ထပ်မံရှင်းလင်းမှုကြောင့် ရက္ခိုင်တပ်မတော်ဘက်မှ တပ်မတော်သားများဟာ
အရပ်သားအသွင်ဖြင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ် အတွင်းရှိ
ကျေးရွာများ၌ ခိုအောင်း၍ မကွေး၊ စေတုတ္တရာမြို့နယ်မှ တောလမ်းအတိုင်း
မင်းပြားမြို့နယ်အတွင်း ဝင်ရောက်လာမည့် အဖွဲ့များနှင့် ပူးပေါင်းရန်
ကြံစည်နေတယ်လို့ မြဝတီ သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ထို့ပြင်
ပလက်ဝမြို့နယ် ပြိုင်ငူကျေးရွာ၏ အနောက်ဘက် တစ်မိုင်ခန့်အကွာတွင်
တောင်ယာလုပ်ကိုင်လျက်ရှိသော အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၇
ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
ဒါ့အပြင် မြ၀တီသတင်းမီဒီယာက AA ရက္ခိုင်တပ်မတော်ဟာ ၂၀၀၉ ခုနှစ်၊ ဧပြီလအတွင်း
KIA ဌာနချုပ် (အဟောင်း) လိုင်စင်ပို့စ်၌ လူအင်အား ၂၀ ကျော်ဖြင့် စတင်
ဖွဲ့စည်းခဲ့ကြောင်းသိရှိရပြီး ရက္ခိုင်တပ်မတော်ကို အစိုးရတပ်မတော်မှ
အပြီးတိုင်ချေမှုန်းသွားမည် လို့လည်း သတင်းအဆုံးမှာ ဖော်ပြထားပါတယ်။
မြ၀တီသတင်းမီဒီယာရဲ့ ရေးသားဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး ဇန်န၀ါရီ ၈ ရက်နေ့
နံနက် ၇း၄၀ မိနစ်ထိ ရက္ခိုင့်တပ်မတော်ဘက်မှ တစုံတရာ တုံ့ပြန်ဖြေကြားထားမှု
ပြုလုပ်ထားခြင်း မရှိသေးကြောင်း သိရပါတယ်။
0 comments:
Post a Comment