မင်းပြားမြို့နယ် အ၀ရွာကျေးရွာအုပ်စု၊ မင်းရွာကျေးရွာတွင် အသက် ၁၇
နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မုဒိန်းပြုကျင့်မှုဖြင့် တရားစွဲခံထားရသူမှာ
လွတ်မြောက်နေဆဲဖြစ်ကြောင်း မင်းပြားမြို့မရဲစခန်းက ပြောပါတယ်။
“တရားခံကို ဖမ်းမိဖို့ ကြိုးစားနေပါတယ်။ လောလောဆယ်တော့ တရားခံက ထွက်ပြေးနေတယ်။ တရားခံကိုတော့ ပြစ်မှုဆိုင်ရာပုဒ်မ ၃၇၆ နှင့် တိုင်ကြားချက်အရအမှုဖွင့်ထားပါတယ်” ဟု မင်းပြားမြို့မရဲစခန်း ဒုစခန်းမှူး ဒုရဲအုပ် ဦးစိန်ထွန်းဦးက RiA ကို ပြောပါတယ်။
အခင်းဖြစ်ပွားပုံမှာ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့တွင် မင်းပြားမြို့နယ် အ၀ရွာကျေးရွာအုပ်စု မ×××× (ဘ) ဦးမောင်ဝင်းထွန်း မှာ ဘိတ်လှတောင်ပေါ်တွင် ဟင်းခူးနေစဉ်တွင် တရွာတည်းနေ ဦးမောင်ကျော်အေး (ဘ) ဦးဘိုးညွန့် အသက် ၅၅ နှစ်အရွယ်က မုဒိန်း တစ်ကြိမ်ပြုကျင့်ခဲ့ကာ တခြားသူများကို ပြောပြမည်ဆိုပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါအမှုကို မင်းပြားမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဦးဝင်းမောင်နှင့် နယ်ထိန်းခေါင်းဆောင်များက ဆက်လက်စုံစမ်း ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ပြောကြားချက်အရ သိရပါတယ်။
0 comments:
Post a Comment