Sunday, January 10, 2016

သံတွဲမြို့နယ်တွင် ရေတွင်းဆည်ရာမှ အသက်ရှုကျပ်ပြီး လူ ၅ ဦး သေဆုံး

သံတွဲ၊ ဇန်န၀ါရီ ၁၀ ရက်

သံတွဲမြို့နယ် အတူးကျေးရွာအုပ်စု၊ ကျေးရွာ လမ်းမပေါ်ရှိ ရေတွင်းကို သန့်ရှင်းရေးလုပ် အညစ်အကြေးများ ဆည်ယူရာမှ အသက်ရှုကျပ်ပြီး လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။


ဖြစ်စဉ်မှာ ယမန်နေ့ ဇန်န၀ါရီ ၉ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့်မှာ ရွာလယ်လမ်းမပေါ်ရှိ အနက်ပေ ၃၃ ပေ၊ အကျယ် ၄ ပေခန့် ရှိတဲ့ ရေတွင်းကို ဒေသခံ ၂၀ ဦးက စုပေါင်းစက်နှင့် ရေတွင်းသန့်ရှင်းရေး လုပ်ရာ တွင်းထဲမှ အညစ်အကြေးများကို ဆည်ယူဖို့ ပထမဦးဆုံး တစ်ဦး ဆင်းသွားပြီး ၎င်းမှာ အသက်ရှုမ၀ဖြစ်လာကာ သတိလစ်မေ့မျော သွားရာ နောက်ထပ် ၄ ဦးက ကယ်ဆယ်ရန် ထပ်မံ ဆင်းရာမှ ၅ ဦးစလုံးမှာ အသက်ရှုရပ်တန့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သံတွဲမြို့မရဲစခန်းက RiA ကို အတည်ပြု ပြောကြားပါတယ်။

အဆိုပါ သေဆုံးသူ ၅ ဦးမှာ အတူးကျေးရွာနေ ရဲမင်းထွန်း (ဘ) ဦးမောင်ညီ ၊ ကျော်ဝင်း (ဘ) ဦးဖြူစော ၊ မောင်ချမ်းသာ (ဘ) ဦးတင်အေး ၊ အောင်တင်ဝင်း (ဘ) ဦးတင်အေး ၊ စိုးမင်းပိုင် (ဘ) ဦးကျော်တင် တို့ဖြစ်ကြောင်း သိရပါတယ်။
သဆုံးမှုနဲ့ ပတ်သက်ပြီး ရေတွင်းမှာ ကျဉ်းမြောင်းပြီး အလွန်နက်တဲ့အပြင် ရေစုတ်ယူတဲ့ မီးစက်ကို တွင်းရဲ တ၀က်မှာ ကြိုးချည်ထားပြီး စက်နိုးထားတာကြောင့် ၎င်းမှ ထွက်ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များကြောင့် အသက်ရှုကျပ် မေ့မျောသွားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ကြပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top