ကျောက်တော်၊ ဇန်န၀ါရီ ၁၀ ရက်
ရခိုင်ပြည်နယ်အတွင်း ကချင်အခြေစိုက် ရက္ခိုင့်တပ်မတော် AA နှင့်
အစိုးရတပ်မတော်တို့ ရက်သတ္တတစ်ပါတ်ကျော်ခန့် အကြာ
တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ဇန်နဝါရီလ ၈ ရက်နေ့မှ စတင်ကာ
ကျောက်တော်မြို့နယ်အတွင်း လုံခြုံရေးတွေကို တင်းကျပ်ထားလိုက်ကြောင်း
သိရပါတယ်။
ကျောက်တော်မြို့နယ်မှာ
ယခင်က တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ ကုန်ရောင်းကုန်ဝယ်နှင့်
စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိက လုပ်ကိုင်ကြတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး
၂၀၁၀ ခုနှစ် နောက်ပိုင်းကာလများတွင် ရက္ခိုင့်တပ်မတော်နှင့် အစိုးရတပ်တို့
တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလာခဲ့ပါတယ်။
“ကျောက်တော်မြို့
တစ်ခုလုံးမှာ ရှိမရှိတော့မသိဘူး။ ကားလမ်းမ တစ်လျှောက်နဲ့
လမ်းကျတဲ့နေရာတွေကိုတော့ လုံခြုံရေး ကင်းတွေ အများကြီးချထားတာကို တွေ့တယ်။
မြို့ပေါ်မှာလည်းရှိတယ်။ လာတဲ့ကားတို့ ဆိုင်ကယ်တို့ကိုလည်း အကုန်စစ်နေတာကို
တွေ့ပါတယ်။ မဟာမုနိ နားကနေ အပေါက်ဝရွာထိကို တောက်လျှောက်
အစောင့်တွေရှိနေပါတယ်။ ပန်းခြံထဲမှာလည်း တပ်ကချထားတဲ့ ကင်းတွေလည်း
ရှိနေပါတယ်” လို့ ကျောက်တော်ဒေသခံ ဦးဇော်ဇော်ဌေးက RiA ကို ပြောပါတယ်။
ကျောက်တော် မြို့နယ်တစ်ခုလုံးကို စစ်ဆေးရေး စခန်း၊ ဂိတ်များ အဆင့်ဆင့်
ချထားတာကြောင့် ဒေသခံများရဲ့ ခရီးသွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေးတွေမှာ
ကြန့်ကြာမှုများ ရှိနေတယ်လို့လည်း ခရီးသွားတွေက ဆိုပါတယ်။
ေ
ကျောက်တော်မြို့နယ်မှာ စစ်တွေနှင့် မြောက်ဦး ကြားမှတည်ရှိပြီး
ကုလားတန်မြစ်နှင့် အဝေးပြေးလမ်းမတို့ ဆုံရာနေရာ ဖြစ်သလို
ကုလားတန်မြစ်ကြောင်းမှာ အိန္ဒိယနယ်စပ်ဒေသနှင့် ထိစပ်နေတာကြောင့် စစ်ရေးအရ
အရေးပါတဲ့ မြို့တစ်မြို့ဖြစ်လာတဲ့အပြင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး
လက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALA ရုံးစိုက်ရာ
မြို့ဖြစ်ကြောင်းလည်း သိရပါတယ်။
0 comments:
Post a Comment