![]() |
စိတ်ကြွဆေးပြား ၅ သိန်းကျော် သယ်ဆောင်လာသူ ဦးကျော်မင်း (ဘ) ဦးကျော်သူ |
အမ်း/RiA ၊ ဇန်န၀ါရီ ၂၂ ရက်
ရန်ကုန်ကနေ စစ်တွေမြို့ကို သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၅ သိန်းကျော် (ကာလတန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၁၅၂၉.၈၈ သန်း) ကို အမ်းမြို့နယ် ပဲပဒုံ စစ်ဆေးရေးဂိတ်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၀ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
အဆိုပါ စိတ်ကြွဆေးပြားများကို သယ်ဆောင်လာသူမှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် နေထိုင်သူ ကျော်မင်း (ဘ) ဦးကျော်သူ ၊ အသက် (၄၅) နှစ် အမျိုးသားမှတ်ပုံတင် အမှတ် ၁၂/လမန (နိုင်) ၀၁၂၉၈၈ ရခိုင်/ဗုဒ္ဓ၊ ရွှေပန်းထိမ်လုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ၎င်းကို ရန်ကုန်-စစ်တွေ အဝေးပြေယာဉ် တိုးရတနာ ခရီးသည်တင်ယာဉ် - ယာဉ်အမှတ် 1E/8253 ပေါ်မှ ဇန်န၀ါရီ ၂၀ ရက်နေ့ နေ့လည် ၃ နာရီအချိန်တွင် အမ်းမြို့နယ် ပဲပဒုံ ပူးပေါင်းစစ်ဆေးရေးဂိတ်၊ မူးယစ်တပ်ဖွဲ့စု ၄၇ က ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
![]() |
မူးယစ်ဆေးဝါးများ ထည့်ထားသော ခရီးဆောင်အိတ် |
မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်းနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် မူးယစ်ဌာန ရဲတပ်ဖွဲ့မှူး ဦးရီထွန်းသန့် က ရှင်းလင်းပြောကြားရာတွင် - မူးယစ်ဆေးဝါးများကို ခရီးသည်ပစ္စည်းများ ထားတဲ့ ယာဉ်ရဲ့ အောက်ဘောက်စ် အတွင်းမှ COSAS UNITED စာတန်းပါ အနက်ရောင် ခရီးဆောင်အိတ်တွင် အနက်ရောင်တိတ်ဖြင့် ပတ်လျှက် မိုင်းကိုင် စက္ကူဖြင့် ထုတ်ထားတဲ့ အထုတ်တစ်ထုတ်စီတွင် အထုတ်ငယ် ၅ ထုပ်ပါရှိတဲ့ ပလပ်စတိတ်ကပ်ခွာ တစ်အိတ်လျှင် WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၂၀၀ ပြားစီပါ ကပ်ခွာအိတ် ၅၀ ရှိပြီး ဆေးပြား ၁ သောင်းစီပါ အထုတ်ကြီး ၂၇ ထုတ်၊ စုစုပေါင်း ဆေးပြား ၂.၇ သိန်းပြား၊ Nanhiang စာတမ်းပါ နီညိုရောင် ခရီးဆောင်အိတ်အတွင်း အနက်ရောင်တိတ်ဖြင့် ပတ်ထားတဲ့ အထုတ်ကြီးတစ်ထုတ်လျှင် အထုတ်ငယ် ၅ ထုတ်အတွင်း အပြာရာင် ပလတ်စတိတ်ကပ်ခွာအိတ် တစ်အိတ်လျှင် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၀၀ ပြားစီပါ ကပ်ခွာအိတ် ၅၀ နှင့် ဆေးပြား ၁ သောင်းပြားပါ အထုတ်ကြီး ၂၃ ထုတ်၊ စုစုပေါင်း ဆေးပြား ၂.၃ သိန်းပြား နှင့် အနက်ရောင်တိတ်ဖြင့် ပတ်လျှက် မိုင်းကိုင်စက္ကူဖြင့် ထုတ်ထားတဲ့ အထုတ်ကြီးတစ်ထုတ်အတွင်း အပြာရောင်ပလတ်စတိတ် ကပ်ခွာအိတ် တစ်အိတ်လျှင် WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၂၀၀ ပြားစီပါ ကပ်ခွာအိတ် ၄၉ အိတ်နှင့် ဆေးပြား ၁၆၀ ပြားပါ ကပ်ခွာအိတ် ၁ အိတ်၊ ဆေးပြား ၉၉၆၀ ပြား - အားလုံး စုစုပေါင်း ဆေးပြား ၅၀၉၉၆၀ (အလေးချိန် ၅၀.၉၉၆ ကီလို) တန်ဖိုးငွေကျပ် (၁၅၂၉.၈၈) သန်း နှင့် ငွေကျပ် ၅၅၀၀၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
![]() |
စိတ်ကြွဆေးပြား ၅ သိန်းကျော် သယ်ဆောင်လာသူ ဦးကျော်မင်း (ဘ) ဦးကျော်သူ |
အဆိုပါ မူးယစ်ဆေးပြားများရဲ့ ပိုင်ရှင်မှာ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်း ပန်းခြံရှေ့၊ ဂန္ဓမာတိုက်တန်း ၆ ထပ်တိုက်၊ ၄ လွှာ နေ မောင်ချေဝင်း (ခ) ဇော်ရဲလင်း က ရန်ကုန်မှ စစ်တွေသို့ ပို့ဆောင်ရန် ကျော်မင်းကို အခကြေးငွေပေး၍ သယ်ဆောင်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ယခုအခါ မောင်ချေဝင်း (ခ) ဇော်ရဲလင်းမှ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရပါတယ်။
၎င်းတို့ကို အမ်းမြို့မရဲစခန်း မယ (ပ) ၂/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉ (က)/၂၀ (က)/၂၁ တို့နှင့် အမှုဖွင့်အရေးယူထားရှိကြောင်း သိရပါတယ်။
0 comments:
Post a Comment