ရခိုင်ပြည်နယ်အတွင်း ကမ္ဘာလှည့်ခရီးသွားတွေနှင့် ပြည်တွင်း ရှိ
ဂေါက်ရိုက်အားကစားနည်း ဝါသနာပါသူတွေအတွက် ငပလီမြို့မှာ အပန်းဖြေရင်း
ဂေါက်အားကစားလည်း လေ့ကျင်နိုင်ရန်အတွက် ၂၄ နာရီ ဝန်ဆောင်မှုပေးတဲ့
ဂေါက်ကွင်းတစ်ခုကို ပြုလုပ်သွားမယ် လို့ သိရှိရပါတယ်။
အဆင့်မြင့် ဂေါက်ကွင်းအဖြစ် ဝန်ဆောင်မှုကို ငပလီမြို့ရှိ ပြည်နယ် အစိုးရပိုင် ဂေါက်ကွင်းမြေ (၁၁၅ ဒသမ ၁၂ ဧက) ကို ငှားရမ်းဆောင်ရွက်ခြင်း ဖြစ်ပြီး ငလီမြို့ရှိ နိုင်ငံတကာ အဆင့်မီ ဂေါက်ကွင်းတစ်ခု ဖြစ်အောင်ပြုလုပ်သွားမယ်လို့ Amazing Holidays Hotels & Resorts Co.,Ltd က (B.O.T) က ဥက္ကဌ ဦးအောင်မျိုးမင်းဒင်က ဆိုပါတယ်။
“ မန္တလေးတောင်ခြေမှာ ရှိတဲ့ ဂေါက်ကွင်းတွေလို့ နေ့ရောညပါ ရိုက်လို့ရအောင် ပြုလုပ်ပေးသွားမှာ၊ နိုမို့ဆိုရင် ကမ်းခြေကို လာရောက်တဲ့ သူတွေက လာပြီးတော့သာ အပန်းဖြေတာ။ ကျန်းမာရေးအတွက် အားကစားပြုလုပ်ဖို့ နေရာမဲ့နေသလိုမျိုး ဖြစ်နေတာ”
အဆိုပါ အဆင့်မြင့် ဂေါက်ကွင်းတည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ၀န်ကြီးချူပ် ဦးမြအောင်က ခုလို မှတ်ချက်ပြု ပြောကြားပါတယ်။
“ ဂေါက်ကွင်းကို နိုင်ငံတကာအဆင့်မီ ပြုလုပ်ပေးသွားပြီး ရေရှည် တည်တံ့အောင်လည်း ပြုလုပ်ရယ်။ ပြည်တွင်း ဂေါက်ရိုက်ဝါသနာရှင်တွေ အတွက်လည်း ငှားရမ်းနိုင်အောင် ဈေးနူန်းတွေကို သက်သာအောင်လုပ်ပေးနိုင်ရင် ပိုပြီးကောင်းမွန်မှာ ဖြစ်ပါတယ်။”
အဆိုပါ ဂေါက်ကွင်းငှားရမ်းခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းအတွက် နားလည်မှုစာချွန်လွှာ (MOU) ကို ပြည်နယ်ဝန်ကြီးချူပ် ဦးမြအောင် ဦးဆောင်တဲ့ အစိုးရအဖွဲ့နှင့် Amazine Holidays Hotels & Resort Co.,Ltd ဥက္ကဌ ဦးဆောင်တဲ့အဖွဲ့တို့ဟာ စစ်တွေမြို့နယ်ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမဆောင်တွင် ဇန်န၀ါရီလ (၅) ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်ကြောင်း သိရပါတယ်။

0 comments:
Post a Comment