![]() |
| စစ်တွေမြို့နယ်၊ ရဲနွယ်စုရပ်ကွက်၊ မေယုလမ်းရှေ့ရှိ ဘာသာရေးအဆောက်အဦးအတွင်း ကျူးကျော်ခြံစည်းရိုးခတ်ထားခြင်း Photo(MoeAung/RiA) |
၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ပဋိပက္ခကာလများအတွင်း စစ်တွေမြို့နယ်တွင်
မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ မြေနေရာတွေမှာ
ကျူးကျော်ခြံစည်းရိုးခတ်ထားမှုများကို ဒေသရဲတပ်ဖွဲ့တွေက
လိုက်လံဖယ်ရှားနေပြီဖြစ်ကြောင်း သိရပါတယ်။
“၀န်ကြီးချူပ် အမိန့်အရ ဖယ်ရှားခြင်းဖြစ်ပါတယ်။ ဒါကတရားမ၀င်
ကျူးကျော်မှုဖြစ်သလို၊ ဥပဒေအရလည်း ခွင့်မပြုနိုင်တာကြောင့်ပါ။ မနေ့က စပြီး
ဖယ်ရှားနေပါတယ်။ အစိုးရအာဏာမလွှဲပြောင်းမီ ဒီကိစ္စကို အပြီး ဖြေရှင်းသွားမှာ
ဖြစ်ပါတယ်” လို့ ကျူးကျော်ခြံစည်းရိုးတွေကို ဖယ်ရှားရာမှာ ပါဝင်တဲ့
ရဲတပ်သားများက ပြောပါတယ်။
အဆိုပါ ကျူးကျော်ပြဿနာများနှင့် ပတ်သက်၍
ရခိုင်ပြည်နယ်ဝန်ကြီးချူပ် ဦးမြအောင်က “ အစိုးရအာဏာမလွှဲမီ ဒီပြဿနာကို
လုံးဝ ပါမသွားအောင် ကျနော်တို့ ဆောင်ရွက်သွားပါမယ်။ ကနဦး စက်ရုံစု
မီးလောင်မြေများအတွင်း ကျူးကျော်နေထိုင်သူ ၄၀၀ ခန့်ကို ယာယီနေထိုင်ခွင့်
ပြုခဲ့ပါတယ်။ သူတို့ကိုလည်း ပြန်လည်နေရာချထားဖို့ ကျနော်တို့ စီစဉ်နေပါတယ်။
ဆွေးနွေးနေဆဲကာလပါပဲ” လို့ ပြောပါတယ်။
စစ်တွေ မီးလောင်မြေ
စီမံခန့်ခွဲမှုနှင့် ကျူးကျော်မှုများကို RiA ရဲ့ လေ့လာမှုများအရ
ကျူးကျော်ခြံစည်းရိုးခတ်သူ ၈၄ ရာခိုင်နှုန်းမှာ
မြေယာပိုင်ဆိုင်ပြီးသူများဖြစ်ကြောင်း သိရပါတယ်။

0 comments:
Post a Comment