![]() |
ဓာတ်ပုံ - စံမြရွှေ/ရခိုင်ပြည်နယ်သတင်းဂျာနယ် |
စစ်တွေ၊ ဒီဇင်ဘာ ၁၃ရက်
စစ်တွေမြို့နယ် အောင်မင်္ဂလာ အဝေးပြေးမော်တော်ယာဉ်ရပ်နားစခန်းကို
ကျားမသောက်ကျေးရွာကို ပြောင်းရွေ့တည်ဆောက်ဖို့ ပြည်နယ်အစိုးရအနေနဲ့ တရားဝင်
ညွှန်ကြားထားခြင်းမရှိသေးကြောင်းနှင့်
အဆိုပါသတင်းကို အခြေခံပြီး မြေဈေးတက်မှု အကျိုးသက်ရောက်မှုတစ်ခုသာ ရှိကြောင်း မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ က RiA ကို ပြောပါတယ်။
အဆိုပါသတင်းကို အခြေခံပြီး မြေဈေးတက်မှု အကျိုးသက်ရောက်မှုတစ်ခုသာ ရှိကြောင်း မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ က RiA ကို ပြောပါတယ်။
" ဒါက ကောလဟာလပဲ ဖြစ်ပါလိမ့်မယ်။ ပြောင်းရွေ့တည်ဆောက်မယ်ဆို ဒီတိုင်း ပြောင်းရွေ့လို့မှမရတာ။ ဒီသတင်းက ယခင် ၀န်ကြီးချူပ်ဟောင်းတွေဖြစ်တဲ့ ဦးလှမောင်တင်၊ ဦးမောင်မောင်အုန်း တို့ လက်ထက်ကတည်းက သတင်းထွက်ပေါ်လာလိုက်၊ မြေဈေးတက်လိုက်နဲ့ပဲ အဆုံးသတ်သွားတယ်။ ခုလည်း ကျနော်တို့ကို ဘာမှ ညွှန်ကြားခြင်း၊ အသိပေးခြင်း တစုံတရာ မရှိသေးပါဘူး။" ဟု မထသ စာရေးကြီး ဦးမောင်မောင်က ပြောပါတယ်။
အဝေးပြေးယာဉ်ရပ်နားစခန်း ပြောင်းရွေု့တည်ဆောက်ဖို့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ရခိုင်ပြည်နယ် ၀န်ကြီးချူပ် ဦးမြအောင်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များဟာ ကျားမသောက် ကျေးရွာအနီးကို သွားရောက်ကြည့်ရှုခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းတွေကို အမြန်ဆုံးဆောင်ရွက်နိုင်ဖို့ မှာကြားထားခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ သတင်းဂျာနယ် အင်လိုင်း စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
စစ်တွေမြို့မိမြို့ဖ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးသာပွင့်က အဝေးပြေးယာဉ်ရပ်နားစခန်းသစ် တည်ဆောက်ရေး ကိစ္စနဲ့ ပတ်သက်ပြီး " အသစ်တည်ဆောက်မယ့် ကားဂိတ်ကို သွားရာတွင် ခရီးသည်တွေက ငွေကြေးကုန်ခြင်း မရှိစေဖို့၊ သက်ဆိုင်ရာ ယာဉ်လိုင်းမှ ခရီးသည်တွေကို ဂိတ်သစ်ကနေ ဂိတ်ဟောင်း မြို့အ၀င်သို့ ပို့ဆောင်ပေးဖို့ပါ ပြည်နယ်ဝန်ကြီးချူပ်က မှာကြားခဲ့ကြောင်း" သူ့ရဲ့ တရားဝင် အင်တာနက် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
စစ်တွေ အဝေးပြေးယာဉ်ရပ်နားစခန်းကို ပြီးခဲ့တဲ့ ၅ နှစ်ကတည်းကနေ ပြောင်းရွေ့ဖို့ အကြိမ်ကြိမ် သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ပေ ၄၀ × ၆၀ တစ်ကွက်ကို ကျပ် ၁၆ သိန်းကနေ ၁၂၀ ထိ ၂၀၁၃ ခုနှစ်မှာ ဈေးမြင့်ခဲ့ပြီး၊ စီမံကိန်းရပ်ဆိုင်းကြောင်း သတင်းပြန်လည်ထွက်ပေါ်ခဲ့ချိန်မှာ ကျပ် ၆၀ ထိ ဈေးကျဆင်းသွားကာ ယခုတစ်ကြိမ် ပြည်နယ်ဝန်ကြီးချူပ် ဦးမြအောင်က ကိုယ်တိုင်လာရောက် ညွှန်ကြားခဲ့ပြီးတဲ့နောက်မှာ ကျပ်သိန်း ၁၄၀ ထိ ပြန်လည် ဈေးမြင့်လာကြောင်း သိရပါတယ်။
အဆိုပါ ယာဉ်ရပ်နားစခန်းသစ် တည်ဆောက်မယ့် မြေဧရိယာအနီးရှိ မြေကွက်တွေကို ၀ယ်ယူထားသူများမှာ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်အစိုးရအဖွဲနှင့် နီးစပ်သူများ ဖြစ်တယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းများအရ သိရပါတယ်။
0 comments:
Post a Comment