သံတွဲမြို့နယ်တွင်
နိုင်ငံသားမဟုတ်သူများကို ကမန်တိုင်းရင်းသားအမည်ခံကာ
မဲပေးခွင့်ပြုခဲ့ခြင်းနှင့်ပတ်သက်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ
ခရိုင်ရွေးကောက်ပွဲကော်မရှင်နှင့် လူဝင်မှုကြီးကြပ်ရေးဌာနကို သံတွဲဒေသခံ
၂၀၀၀ ခန့်က ဆန္ဒပြခဲ့ကြပေမယ့် သက်သေခိုင်လုံစွာ မပြနိုင်ခြင်းကြောင့် အဆိုပါ
ဆန္ဒဖော်ထုတ်မှုအပေါ် တစုံတရာ တုံ့ပြန်သွားဖို့ အစီအစဉ်မရှိကြောင်း သံတွဲခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီး ဦးသိန်းနုက RiA ကို ပြောပါတယ်။
“ နိုင်ငံသားမဟုတ်သူတွေကို မဲထည့်ခွင့်ပြုခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့ ဆန္ဒဖော်ထုတ်ရာမှာ ကြွေးကြော်ခဲ့ကြသလို ကျနော်တို့က ပြန်မေးခဲ့ပါတယ်။ ဘယ်သူတွေပါတာလဲ။ ဘယ်နေရာကလဲ။ အထောက်အထားတစုံတရာ ပြဖို့ပေါ့။ သူတို့ ဆန္ဒဖော်ထုတ်သူတွေက အထောက်အထား သက်သေ ဘာတစ်ခုမှ မပြနိုင်ခဲ့ပါဘူး။ အထောက်အထားပြနိုင်ရင် ဆန္ဒဖော်ထုတ်သူ နိုင်ငံသားတွေရဲ့ ဆန္ဒအတိုင်း ကျနော်တို့ဘက်က လိုက်လျောဆောင်ရွက်ရမှာ ဖြစ်ပေမယ့်။ ခုက ဆန္ဒပြအဖွဲ့ခေါင်းဆောင်တွေကိုယ်တိုင်က ဘယ်သူတွေက မဲထည့်ခဲ့တယ်ဆိုတာ အတိအကျကို သက်သေမပြနိုင်တာ။ ဒါကြောင့် ကျနော်တို့ဘက်က ဒီကိစ္စအပေါ် စီစစ်စရာလည်း မလိုပါဘူး”
ဒီဇင်ဘာ ၄ ရက်နေ့က ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်ခဲ့တဲ့ သံတွဲလူမှုကွန်ရက် ကမ်းခြေက ဦးစန်းကိုကတော့ “ ရွေးကောက်ပွဲမှာ နိုင်ငံသားမဟုတ်တဲ့သူတွေကို မဲပေးခွင့်ပြုခဲ့တယ်ဆိုတာ သေချာပါတယ်။ အစိုးရအနေနဲ့ တရားဥပဒေအရ ဒါကို စီစစ်ပေးဖို့ လိုအပ်တယ်။ မဟုတ်ခဲ့ရင် ဆက်လက်ပြီး ကျနော်တို့ တဆင့်ပြီးတဆင့် ဆောင်ရွက်သွားမှာပါ” လို့ RiA ကို ပြောကြားခဲ့ပါတယ်။
0 comments:
Post a Comment