ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက်
ရန်ကုန်မြိုနယ် စမ်းချောင်းမှာပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့က
မြောက်ဦးမြို့နယ်မှ သယ်ယူလာတဲ့ ရှေးဟောင်းဘုရားသယ်ယူသူတွေကို
စစ်ဆေးတွေ့ရှိရာတွင် သယ်ယူလာတဲ့သူ သုံးဦးမှာ ပါဝင်တဲ့ ရဟန်းတော်
ဦးသာသန(ခ) ဦးသန်းရွှေကို လဝက ပုဒ်မနဲ့ ထပ်မံ အမှုဖွင့် လိုက်တယ်လို့
သိရှိရပါတယ်။
ဒီကနေ့ မနက် 7 Day သတင်းစာ ဖော်ပြချက်အရ ပြစ်မှုပုဒ်မ ၃၈၀/၅၄/၂၉၅ဖြင့် အမှုဖွင့်အရေးယူပြီးနောက် သီတင်းနှစ်ပတ်ကျော်အကြာတွင် (လ၀က) ဥပဒေပုဒ်မ ၁၃(၁) ဖြင့် ထပ်မံအရေးယူခဲ့ကြောင်း ဒုရဲမှူးကျော်ထွဋ်က ပြောဆိုထားတယ်လို့ ရေးသားထားပါတယ်။
“ ဒီရက်ပိုင်းမှာပဲ စစ်ဆေးတဲ့ အခါ ဘုန်းကြီးဖြစ်တဲ့သူက အခြား နိုင်ငံသားပတ်စ်ပို့ကိုင်ဆောင်ထားတယ်။ (လ၀က) ဥပဒေနဲ့ အရေးယူရတာ ကတော့ သူက ယိုးဒယား ပတ်စ်ပို့ကိုင်ဆောင်ထားတဲ့ ရခိုင်ဘုန်းကြီးဖြစ်နေတယ်။ အမှုကတော့ ဆက်လက်စစ်ဆေးနေတုန်းပဲ။”
မြောက်ဦးမြို့နယ်မှာ ဘုရား ၅၇ ဆူကို အထောက်အထား တစ်စုံတစ်ရာမရှိဘဲ တရားမ၀င် သယ်ဆောင်လာပြီး စမ်းချောင်းမြို့နယ်ရှိ မအူပင်ကျောင်းတိုက်တွင် ဆင်းတုတော် ၁၈ ဆူ တွေ့ရှိခဲ့သလို ဆင်းတုတော်များ သယ်ဆောင်လာသူများထဲတွင် ပါဝင်ခဲ့သည့် မနှင်းညိုညိုခင်၏ နေအိမ်ဘုရား စင်ပေါ်၌ ၃၉ ဆူကို ထပ်မံတွေ့ရှိခဲ့တယ် လို့လည်း သိရှိရပါတယ်။
အဆိုပါ အမှုနဲ့ပါတ်သက်ပြီး အမြန်ဆုံးအရေးယူ စစ်ဆေးပေးပါရန် ပြည်နယ်အစိုးရကို ဒီဇင်ဘာ ခုနှစ်ရက် ရက်စွဲနဲ့ စာတင်ခဲ့တယ်။ ပြည်နယ် လွှတ်တော်ဥပဒေအကြံပြု အဖွဲ့ဝင်လည်းဖြစ်၊ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု ကော်မတီမှ ဒေါ်ခင်သန်းဝေက “ မြောက်ဦးမှာလည်း သူတို့နဲ့ ပါတ်သက်ပြီး ဆိုင်တွေကို စစ်ဆေးနေတယ်လို့ သိရတယ်။ စာတင်ထားနဲ့ ပါတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ်ကတော့ ဘာမှ မပြောသေးပါဘူး” လို့ ရခိုင်ပြည်နယ် ပြည်နယ်လွှတ်တော် ဒီဇင်ဘာ ၈ ရက် နောက်ဆုံးနေ့ အစည်းဝေးခန်းမမှာ RiA နဲ့ တွေ့ဆုံစဉ်က ပြောကြားခဲ့ပါတယ်။
ဘုရား ဆင်းတုတော်များ သယ်ဆောင်လာသူ ဦးသာသန (ခ) ဦးသန်းရွှေ နှင့် ယာဉ်မောင်း ဦးအောင်ဇော်ထိုက် နှင့် မနှင်းညိုညိုခိုင် တို့ကို စမ်းချောင်းမြို့နယ် ရဲစခန်း တွင် (ပ) ၃၆၉/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၀/၅၄/၂၉၅ တို့ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရှိရပါတယ်။
0 comments:
Post a Comment