Tuesday, December 8, 2015

ရခိုင်မြောက်ပိုင်း NLD ကိုယ်စားလှယ်များ ညွှန်ကြားချက်အတိုင်း အမှိုက်ကောက်နိုင်မည်မဟုတ်

စစ်တွေ၊ ဒီဇင်ဘာ ၈ ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဗဟိုကနေ လာမယ့် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် တနိုင်ငံလုံးမှာ ရှိတဲ့ NLD အဆင့်ဆင့် အလုပ်အမှုဆောင်အဖွဲ့တွေ၊ ကိုယ်စားလှယ်တွေကို ပြည်သူတွေနဲ့ ပူးပေါင်းပြီး အမှိုက်ကောက်ခြင်းများ လုပ်ငန်းဆောင်ရွက်ဖို့ ညွှန်ကြားထားပေမယ့်လည်း အဆိုပါ အစီအစဉ်တွင် ရခိုင်မြောက်ပိုင်း NLD များ ပါဝင်ရန် မလွယ်ကူနိုင်ကြောင်း ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ ဦးညီပုက RiA ကို ပြောပါတယ်။


“ သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ ဂွ စတဲ့ ရခိုင်တောင်ပိုင်းဘက်တွေမှာ ကျနော်တို့ ၁၂ - ၁၃ ရက်နေ့တွေမှာ အမှိုက်ကောက်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာပါ။ ဗဟိုက ညွှန်ကြားထားတဲ့အတိုင်းပေါ့။ ဒါပေမယ့် မြောက်ပိုင်းဘက်ကျတော့ အဖွဲ့ချူပ်နဲ့ တိုက်ရိုက်ထိစပ်မှု အားနည်းသွားတယ်။ ပြီးတော့ တချို့တချို့အရာတွေက ဒီကိစ္စကို ဖော်ဆောင်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။ ဒါကြောင့် အမှိုက်ကောက်ခြင်းကို ရခိုင်မြောက်ပိုင်းဘက်မှာ လုပ်ဖြစ်မယ်တော့ မထင်ပါဘူး”

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အနေနဲ့ ယခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း ၁၃ နေရာ အနိုင်ရရှိခဲ့ပြီး အဆိုပါ နေရာများအားလုံးဟာ တောင်ပိုင်းဒေသများတွင် ဖြစ်ပြီး မြောက်ပိုင်းဒေသများတွင် အပြတ်အသတ် ရှုံးနိမ့်မှုနှင့် ကြုံ့တွေ့ခဲ့ရကြောင်း သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top