Monday, December 7, 2015

ရခိုင်ပြည်နယ်အတွင်း နိုင်ငံခြား ခရီးသွား ဧည်သည့်များ ၀င်ရောက်မှု ယခင်နှစ်များထက် နည်းပါး

မြောက်ဦး၊ ဒီဇင်ဘာ ၇ ရက်

ရခိုင်ပြည်နယ်အတွင်း ယခုနှစ် နိုင်ငံခြား ခရီးသွား ဧည်သည့်များ ၀င်ရောက်မှုမှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ပဋိပက္ခကာလထက် များစွာ လျော့နည်းနေကြောင်း ဧည့်လမ်းညွှန်များက RiA ကို ပြောပါတယ်။


“ ပြီးခဲ့တဲ့ နှစ်တွေထက်စာရင် ဒီနှစ်က အရမ်းနည်းတယ်လို့ ပြောနိုင်တယ်။ ဘာကြောင့်ဆိုတော့ ယခင်တုန်းကဆိုရင် ဧည်သည့်တွေက ပွင့်လင်းရာသီမှာ လာတာ များတယ်ပေါ့။ နောက်ပိုင်း မိုးတွင်းမှာ ၀င်ရောက်မှုက ပိုရှိလာတယ်။ Tourist Visa နဲ့ ၀င်လာမှုတွေ ရှိပေမယ့် တကယ်တမ်းမှာ သာမန် ခရီးသွားတွေ မဟုတ်ဘူး။ သတင်းထောက်တွေနဲ့ အခြား အချက်အလက်ကောက်သူတွေ၊ အကူအညီပေးရေးတွေက ပိုများလာတယ်။” လို့ ဧည့်လမ်းညွှန် ကိုအောင်စိုးမြင့်က ပြောပါတယ်။
ြေ
မြောက်ဦးမြို့နယ်ကို နိုင်ငံခြား ခရီးသွား ဧည်သည့် ၀င်ရောက်မှုမှာ ဒီနှစ် စက်တင်ဘာလ ကနေ ဒီဇင်ဘာလ အစောပိုင်းအထိ အရေအတွက် ၂၀၀၀ ၀န်းကျင်ခန့်သာရှိပြီး၊ ပြီးခဲ့တဲ့ ဇန်န၀ါရီကနေ ဒီဇင်ဘာထိ တစ်နှစ်တာအတွက် ၀င်ရောက်မှု ခန့်မှန်း ၅၀၀၀ သာ ရှိကြောင်း မြောက်ဦးအခြေစိုက် ဟိုတယ်လုပ်ငန်းများက ပြောပါတယ်။

“ ခရီးသည် ရောက်ရှိမှုက ၂၀၁၂ ခုနှစ်မတိုင်မီ အဲဒီဝန်းကျင်အနေအထားကို ပြန်ရောက်ဖို့ အတော်လေးကို အချိန်ယူရဦးမယ်။ ခရီးသွားရာသီမှာတောင် ကြိုပြီး Booking လုပ်ထားတာ ၃၀ ရာခိုင်နှုန်းပဲ ရှိတယ်။ အရင်တုန်းကဆိုရင် ရခိုင်ပြည်နယ် ဆူပူမှု မဖြစ်ခင် ကာလတုန်းကပေါ့ Booking လုပ်တာမှ အခန်းတွေ အားလပ်တယ်ဆိုတာ မရှိသလောက်ပဲ။ ဒါကြောင့်လည်း ဟိုတယ်မိုတယ်တွေ တိုးချဲ့ တည်ဆောက်ခဲ့ကြတာပေါ့။ ခုနောက်ပိုင်းမှာ Tourist တွေ ၀င်ရောက်မှုက သိသိသာသာ လျော့နည်းလာတယ်။ ပြည်တွင်းဧည့်သည်တွေလောက်နဲ့ပဲ ဟိုတယ်လုပ်ငန်းတွေ လည်ပတ်နေရတယ်။ ” လို့ Mrauk Oo Palace ဟိုတယ်ပိုင်ရှင် ဦးဇော်မျိုးအောင် (ခ) တူတူချေက ပြောကြားခဲ့ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top