ကျောက်တော်၊ ဒီဇင်ဘာ ၇ ရက်
ကျောက်တော်မြို့နယ် ပြည်တော်သာရပ်ကွက် ဆောက်လုပ်လျှက်ရှိတဲ့
တိုင်းရင်းဆေးရုံကို မူလ လျာထားမြေ ရှမ်းရွာတွင် ဆောက်လုပ်ဖို့ မြို့လူထု
၅၀၀ ခန့်က ဒီကနေ့ ဒီဇင်ဘာ ၇ ရက်နေ့ နေ့လည် ၁၂ နာရီမှ စတင်ကာ
ဆန္ဒဖော်ထုတ်မှုတရပ်ကို ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
“ ပထမ ရှမ်းရွာမှာ ဆောက်မယ်ဆိုပြီး ဆေးရုံကို ချပေးထားတာပါ။ နောက် ဌာနဆိုင်ရာနဲပ ကုမ္ပဏီနဲ့ ပူးပေါင်း ပြည်တော်သာဘက်မှာ ရွေ့ဆောက်နေတယ်။ မြို့နယ်အုပ်ချူပ်ရေးမှူးနဲ့ စည်ပင်အကောက်ကူပြုကော်မတီ၊ မြို့မိမြို့ဖတို့ရဲ့ ရှမ်းရွာမှာဆောက်ဖို့ သဘောတူထားတာပါ။ ဒါကို မကျေနပ်တာကြောင့် ဆန္ဒဖော်ထုတ်ရတာပါ” လို့ ဆန္ဒပြခေါင်းဆောင် ဦးရာဇာမင်းအောင်က ပြောပါတယ်။
အဆိုပါ ဆေးရုံ ဆောက်လုပ်ရန် ပြည်ထောင်စုရံပုံငွေမှ ကျပ်သိန်း ၄၀၀၀ ကျော် ခွင့်ပြုထားပြီး ၀တီအောင်နိုင် ဆောက်လုပ်ရေးအဖွဲ့က တာဝန်ယူတည်ဆောက်နေတာ ဖြစ်ပါတယ်။
ဆေးရုံဆောက်လုပ်ပြီးစီးမှုမှာ ၅၀ ရာခိုင်နှုန်းကျော်ခန့် ပြီးစီးနေပြီဖြစ်တာကြောင့် ပြောင်းရွေ့ရန် မဖြစ်နိုင်တော့ပေမယ့် လူထုသဘောထားကို လိမ်လည်တည်ဆောက်ခဲ့တဲ့အပေါ် ဆန့်ကျင်ရှုတ်ချကန့်ကွက်တဲ့သဘော ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ကြောင်း ဦးရာဇာမင်းအောင်က ဆိုပါတယ်။
0 comments:
Post a Comment