ရခိုင်ယူနိုက်တက် ဘောလုံးအသင်းအနေနဲ့ လာမယ့် ၂၀၁၆ ခုနှစ်
မြန်မာနယ်ရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲအတွက်ပြည်တွင်း ကစားသမားသစ် ၅ ဦးကို
သက်တမ်းတိုး စာချူပ်များ ချူပ်ဆိုခဲ့ပြီး ကစားသမားသစ်တစ်ဦးကို စာချူပ်သစ်
ချူပ်ဆိုခဲ့ကြောင်း သိရပါတယ်။
စာချူပ်သက်တမ်းတိုး ကစားသမားများမှာ ကျော်နိုင်မြင့် (နောက်တန်း) ၊ ဥာဏ်လင်းထက် (နောက်တန်း) ၊ သူရကိုကို - ၂ (အလယ်တန်း) ၊ ထွန်းထွန်းဦး (အလယ်တန်း) နှင့် စိုးမိုးကျော် (ဂိုး) တို့ဖြစ်ကြပြီး ကစားသမားသစ်အနေနဲ့ ဧရာဝတီယူနိုက်တက်အသင်းမှ ညီညီမင်း (ကွင်းလယ် - တောင်ပံ) ကို စာချူပ်သစ် ချူပ်ဆို ခေါ်ယူနိုင်ခဲ့ကြောင်း ရခိုင်ယူနိုက်တက်အသင်း သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုသက်ထူးနိုင်ဦးက RiA ကို အတည်ပြု ပြောကြားခဲ့ပါတယ်။
"ပြည်တွင်း ကစားသမား ၅ ဦး စာချူပ်သက်တမ်းတိုးခဲ့တယ်။ ဧရာဝတီအသင်းက တစ်ဦး အသစ်ချူပ်နိုင်ခဲ့ပါတယ်။ နိုင်ငံခြား ကစားသမားတွေထဲမှာ ယခင်နှစ်က သုံးခဲ့တဲ့ ၃ ဦးပေါ့။ ဘရာဇီး၊ ဂျပန်၊ ဂါနာ ကစားသမားတွေထဲက ဂါနာကစားသမား ဘားနတ်အချောကို တစ်နှစ်စာချူပ် သက်တမ်းတိုးခဲ့ပါတယ်။ ထပ်မံပြီးတော့လည်း ကစားသမားသစ်တွေ ခေါ်ယူဖို့ရှိပါတယ်။ အပြောင်းအရွေ့ကာလကလည်း အချိန်ရှိသေးတော့ ကျနော်တို့ စောင့်ကြည့်နေပါတယ်။"
ရခိုင်ယူနိုက်တက် အသင်းမှာ ၂၀၁၃ ခုနှစ်မှာ တန်ဆင်းခဲ့ရပြီး ၂၀၁၄
ခုနှစ်မှာ မြန်မာနယ်ရှင်နယ်လိဂ်ကို ပြန်တက်လာနိုင်ခဲ့ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အဆင့် ၁၀ ရရှိခဲ့ကြောင်း သိရပါတယ်။
0 comments:
Post a Comment