Friday, December 11, 2015

ရခိုင်လူမှုဘဝများကို ထင်ဟပ်စေမယ့် ကာတွန်းပြပွဲ စစ်တွေမြို့တွင် သုံးရက်တိုင်တိုင် ကျင်းပသွားမည်

စစ်တွေ၊ ဒီဇင်ဘာ ၁၁ ရက်

ရခိုင်လူမျိုးတွေရဲ့ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးစတဲ့ အကြောင်းရာများကို သရော်ဟန်၊ပညာပေးဟန် စတဲ့ ဟန်ပန်တွေနဲ့ ရခိုင်လူမျိုးကာတွန်း ဆရာတွေက ရေးဆွဲထားကြတဲ့ကာတွန်းပြပွဲကို စစ်တွေမြို့နယ်မှာ ကျင်းပပြုလုပ်သွားကြမယ်လို့ သိရပါတယ်။

ကာတွန်းပြပွဲကို စစ်တွေမြို့ ဂြစ်ဘက်ကျောင်းမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး စစ်တွေမြို့နယ် စာရေးဆရာ အသင်းက ဦးစီးဆောင်ပြီး ပြုလုပ်သွားမှာ ဖြစ်တယ်လို့ မြို့နယ်စာရေးဆရာ အသင်းက ဆိုပါတယ်။

ပွဲတော်ကျင်းပမယ့်ရက်ဟာ ရခိုင်ပြည်နယ်နေ့ ဒီဇင်ဘာ ၁၅ ရက်နေ့နဲ့လည်း တိုက်ဆိုင်နေပြီး အခြားတစ်ဘက်မှာ မြန်မာ ကာတွန်း နှစ်တစ်ရာ ပြည့်အထိမ်းမှတ်နဲ့လည်း တိုက်ဆိုင်နေတယ်လို့ ကာတွန်းပြပွဲမှာ ပါဝင်တဲ့မြို့နယ် စာရေးဆရာ အသင်း ဦးစောဝင်းက RiA ကို ပြောပါတယ်။

“ စာဆိုတော် လလည်းဖြစ်၊ စာပေဟောပြောပွဲလည်း မလုပ်ဖြစ်တော့ ကာတွန်းပြပွဲပြုလုပ်ဖြစ်သွားတာပါ။ စာအုပ်ရောင်းပွဲတ်ာလည်း ပါပါတယ် “

စစ်တွေမြို့နယ်မှာ ကာတွန်းပြပွဲကျင်းပပြုလုပ်ခြင်းဟာ မဆလ ခေတ်ကတည်းကနေ ကျင်းပခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ် ဆိုရင် ခုနှစ်ကြိမ်မြောက်ပြပွဲ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

ကာတွန်းကွက်များကို ပြသရာတွင် ရခိုင်စကား၊ မြန်မာစကားနဲ့စာမဲ့ ကာတွန်းတွေလည်း ပါရှိမှာ ဖြစ်ပြီး ကာတွန်းပြပွဲကိုပြသရာတွင် ရခိုင်လူမျိုး ကာတွန်းပညာရှင်များ၏ ကာတွန်းများလည်းပါဝင်ကာ ဝါသနာရှင်များရဲ့ ကာတွန်းများကိုလည်း ထည့်သွင်းပြသထားမှာ ဖြစ်ပါတယ်။

ကာတွန်းပြပွဲနဲ့ စာအုပ်ရောင်းပွဲတော်ကို ရခိုင်ပြည်နယ်နေ့ ဒီဇင်ဘာလ ၁၅ ရက်ကနေ စတင်ပြီး ၁၇ ရက်နေ့အထိ သုံးရက် ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top