Sunday, December 13, 2015

ပုဏ္ဏားကျွန်းတွင် အခမဲ့ ကျန်းမာရေး ကုသစောင့်ရှောက်မှု တတိယနေ့ ဆရာတော် အရှင်ဆန္ဒာဒိက ကြွရောက်

ပုဏ္ဏားကျွန်း၊ ဒီဇင်ဘာ ၁၃ ရက်

 ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းက ကြီးမှူးပြီးတော့ ပုဏ္ဏားကျွန်းမြို့နယ်တွင် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ဒီဇင်ဘာလ ၁၁ ရက်နေ့နေ ၁၃ ရက်နေ့ထိ ပြုလုပ်လျှက်ရှိရာ ဒီကနေ့ တတိယ နေ့မှာတော့ ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်း တည်ထောင်သူ ဆရာတော် အရှင် ဆန္ဒာဒိက ကိုယ်တိုင် ကြွရောက်ခဲ့ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ရတာနဲ့ ပတ်သက်ပြီး ဆရာတော်က ခုလို မိန့်ကြားခဲ့ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ဆေးရုံမှာ ပြုလုပ်လျက်ရှိတဲ့ ကျန်းမာရေးကုသစောင့်ရှောက်မှုကို ရခိုင်ပြည်နယ် ဒေသအသီးသီးက ဝေဒနာရှင်တွေ ရောက်ရှိခဲ့ပြီး ပထမနေ့နှင့် ဒုတိယနေ့မှာ ၁၀၀၀၀ နီးပါးခန့်ကို ကုသပေးနိုင်ခဲ့ပြီး ဆရာဝန်များရဲ့ ပြောကြားချက်အရ ဝေဒနာရှင်များတွင် အထွေထွေရောဂါ အများဆုံးဖြစ်ပြီး ဒုတိယနေရာတွင် မျက်စိဝေဒနာရှင်နှင့် တတိယနေရာတွင် အရိုး ဝေဒနာရှင်များဖြစ်ကြောင်း သိရပါတယ်။

ရုပ်သံကြည့်ရှုရန်

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top