Saturday, November 7, 2015

၂၀၁၅ ရွေးကောက်ပွဲ၌ မောင်တောခရိုင်မဲဆန္ဒနယ်အတွင်း ဆန္ဒမဲလက်မှတ်ရှင်သည် ၂၀၁၀ ကထက် ၁၀ ဆ လျော့နည်း

မောင်တောခရိုင် မဲဆန္ဒနယ်အတွင်း၂၀၁၀ ရွေးကောက်ပွဲကာလက ဆန္ဒမဲ ထည့်ပိုင်ခွင့်ရှိသူ ငါးသိန်းကျော်ရှိပြီး ယခုလာမည့် ၂၀၁၅ ရွေးကောက်ပွဲ ကာလတွင်မူ ဆန္ဒမဲထည့်ပိုင်ခွင့် ရှိသူ ငါးသောင်းခန့်သာ ရှိပြီး ဆယ်ဆခန့် လျော့နည်းသွားကြောင်း မောင်တော ခရိုင်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးအောင်ကျော်ညွန့်က RIA သို့ ပြောသည်။

မောင်တောခရိုင်တွင် ဆန္ဒမဲ ထည့်ပိုင်ခွင့်ရှိသူ ငါးသောင်းကျော်အတွက် မဲရုံပေါင်း ၁၆၀ ကျော်ရှိပြီး ၁၀ ဆ အထိ ဆန္ဒမဲ ပြုသူ လျော့နည်းလာခြင်းမှာ နိုင်ငံသားစီစစ်မှုများ ပြုလုပ်သည့် အစီစဉ်များကြောင့် နိုင်ငံသားမဟုတ်သူများ လျော့နည်းသွားခြင်းကြောင်း ဖြစ်သည်ဟု သိရသည်။

“ နိုင်ငံသားအဖြစ် စီစစ်လိုက်တော့ ဝှိုက်ကတ် ကိုင်ဆောင်တဲ့သူတွေ ဖြစ်လာတာကြောင်း လျော့နည်းသွားတာပါ။ ၂၀၁၀ ရွေးကောက်ပွဲ တုန်းကတော့ မဲရုံပေါင်း လေးရာကျော်ရှိတယ်ခုတော့ တစ်ရာခြောက်ဆယ် လောက်ပဲ ဖြစ်သွားတယ် “ ဟု ဆိုသည်။

မောင်တောခရိုင်တွင် ရွေးချယ်ခံသွားမည့် လွှတော်ကိုယ်စားလှယ်အများစုမှာ ရခိုင်အမျိုးသားများပါတီနှင့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးတိုးတက်ရေး ပါတီမှ ဖြစ်ပြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦးလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top