Saturday, November 7, 2015

မောင်တောခရိုင်၌ ရွေးကောက်ပွဲကာလအတွင်း ဆူပူနှောက်ယှက်မှုများ မဖြစ်ရအောင် လုံခြုံရေးများ အထူးစီစဉ်ထားရှိ လိုအပ်ပါက စစ်တပ်အား အကူညီတောင်းခံသွားမည်

၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း ရခိုင်ပြည်နယ် မောင်တောခရိုင် ရွေးကောက်ပွဲကာလ အတွင်း မဲဆန္ဒခံယူသည့် နေ့ရက်တွင် မဲဆန္ဒရှင်များ လုံခြုံစိတ်ချစွာ ဆန္ဒမဲပြုနိုင်ရန်နှင့် မဲရုံများ လုံခြုံစေရန်အတွက် အထူးလုံခြုံရေးများအဖြစ် နယ်ခြားစောင့်တပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ သင့်တော်သည်လူများကို ရွေးချယ်ထားပြီး လိုအပ်လျှင် တပ်မတော်ကိုပါ အကူညီတောင်းခံသွားမည်ဟု မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးအောင်ကျော်ညွန့်က RIA သို့ ထုတ်ဖော်ပြောကြားသည်။
“ ဆန္ဒမဲပြုတဲ့နေ့မှာ မဲရုံသာမက မဲရုံတွေကို သွားတဲ့လမ်းတွေမှာလည်း လုံခြုံရေးတွေကိုနေရာချထားပေးမှာပါ ၊ တကယ်လို လိုအပ်ရင် တပ်မတော်ကိုလည်း အကူညီတောင်းခံသွားပါမည်”

မောင်တော ခရိုင်ရွေးကောက်ပွဲ မဲဆန္ဒနယ်သည် ရခိုင်ပြည်နယ်တွင် လွတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်မှ ပယ်ချ ခံရသူ အများဆုံးဖြစ်ပြီး ၊ မဲရုံပေါင်း ၁၆၀ နှင့် ဆန္ဒမဲ ထည့်ပိုင်ခွင့် ရှိသူ စုစုပေါင်းမှာ စက်တင်ဘာ ၅ ရက်နေ့ စာရင်းများအရ ငါးသောင်းကျော်ခန့် ရှိပြီး တစ်ရုံလျှင် လုံခြုံရေအင်အား ဆယ်ဦးခန့်စီချထားရန် စီစဉ်ထားရှိကြောင်း သိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top