ရခိုင်အမျိုးသားပါတီ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဒီကနေ့ စက်တင်ဘာ ၁၁ ရက်နေ့ နေ့လည်ခင်းမှာ ရခိုင်အမျိုးသားပါတီ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့နှင့် ၈၈ မျိုးဆက်အဖွဲ့၊ ၀ံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတို့ဟာ တွေ့ဆုံ ဆွေးနွေးပွဲတရပ်ကို ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ ဆွေးနွေးပွဲရလဒ်အရ ရခိုင်အမျိုးသားပါတီ ဗဟိုအောင်နိုင်ရေးအတွက် ၈၈ မျိုးဆက်အဖွဲ့က ၀န်းရံသွားမှာ ဖြစ်ကြောင်း ဆွေးနွေးနိုင်ခဲ့ကြတယ်လို့ ရခိုင်အမျိုးသားပါတီ ဗဟိုအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးခိုင်ပြည်စိုးက ပြောပါတယ်။
“ ၈၈ မျိုးဆက် ဗဟိုအဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ကို ၀န်းရံသွားမှာ ဆိုတာ ဟုတ်ပေမယ့် ဒီက ၈၈ မျိုးဆက်တွေ အများစုက ရခိုင်ဖြစ်နေကြတယ်လေ။ ဒါကြောင့်လည်းပဲ ဒီ ရခိုင်မှာ ရှိတဲ့ ၈၈ မျိုးဆက်အဖွဲ့က အမျိုးသားပါတီ အောင်နိုင်ရေး ၀န်းရံသွားဖို့ကိစ္စကို သဘောတူညီချက် ရခဲ့တာ ဖြစ်ပါတယ်။ ”
ရခိုင်အမျိုးသားပါတီအနေနှင့် မြို့နယ်အဆင့် ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးများ စတင်နေပြီဖြစ်သော်လည်း ဗဟိုအောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

0 comments:
Post a Comment