Thursday, November 26, 2015

စစ်တွေမြို့နယ်မှ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ် မုဒိန်းပြုကျင့်သူ တရားခံကို အရေးယူ


စစ်တွေ၊ နိုဝင်ဘာ ၂၆ ရက်

နိုဝင်ဘာ ၁၅ ရက်နေ့က စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် မီးလောင်ပြင်ကွင်းအတွင်း ဖြစ်ပွားခဲ့တဲ့ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ် မုဒိန်းပြုကျင့်ခံခဲ့ရမှုနှင့် ပတ်သက်ပြီး တရားခံဖြစ်သူ တပ်ပြေး ဦးအောင်မြင့် (ခ) ဦးကျော်ကျော်ဦးကို တပ်မတော်မှ စစ်ခုရုံးဖွဲ့ကာ နိုဝင်ဘာ ၁၉ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပြီး အရပ်ဘက်တရားရုံးတွင် ယခု သီတင်းပတ်အတွင်း ဆက်လက် တရားစွဲဆို အရေးယူသွားမှာ ဖြစ်ကြောင်း စစ်တွေမြို့နယ်ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားခဲ့ပါတယ်။

“ကျူးလွန်သူ တရားခံက တပ်ပြေးဖြစ်နေတာကြောင့် သူကို စစ်ခုရုံးက နိုဝင်ဘာ ၁၉ မှာ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်။ အရပ်ဘက် တရားရုံးမှာ စွဲချက်တင်နိုင်ဖို့အတွက် ရဲလုပ်ငန်းတွေ ဆောင်ရွက်မှုက ပြီးသလောက် ဖြစ်နေပါပြီ။ ပုံမှန်မဟုတ်ဘဲ စအိုကို ပြုကျင့်ခဲ့တဲ့အတွက် ပုဒ်မ ၃၇၇ အပြင် ပုဒ်မ ၃၇၆ နှင့်ပါ တရားစွဲဆိုသွားမှာပါ။ ဒီရက်ပိုင်းအတွက်မှာပဲ တရားရုံးတင်စွဲဆိုသွားမှာပါ။” လို့ စစ်တွေ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးခင်မောင်က ပြောကြားခဲ့ပါတယ်။


ရခိုင်ပြည်နယ်တွင် ရက်ပေါင်း ၄၀ အတွင်း သက်ငယ် မုဒိန်းမှု ၃ ခုဖြစ်ပွားခဲ့ပြီး စစ်တွေမြို့နယ်တွင် အသက် ၈ နှစ်အရွယ် တစ်ဦး၊ အသက် ၅ နှစ်အရွယ်တစ်ဦးနှင့် ပေါက်တော မြို့နယ်တွင် အသက် ၁၂ နှစ်အရွယ်တို့ဖြစ်ကြောင်း သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top