ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက်
စတော့ရှယ်ယာရောင်းဝယ်ရေးဌာနကို မူလစီစဉ်ထားရှိတဲ့အတိုင်း ဒီဇင်ဘာ ၉ ရက်နေ့မှာ စတင် ဖွင့်လှစ်သွားမှာဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးမောင်မောင်သိန်းက ပြောကြားခဲ့ကြောင်း Myanmar Business Today က ရေးသားဖော်ပြခဲ့ပါတယ်။
အဆိုပါ
စတော့ရောင်းဝယ်ရေးဌာနတွင် ပထမအသုတ်အဖြစ် ကုမ္ပဏီ ငါးခုထက်မနည်း
အရောင်းအ၀ယ်ပြုလုပ်မှာ ဖြစ်ပြီး ကုမ္ပဏီအမည်စာရင်းကို ဖွင့်ပွဲအခမ်းအနားမှာ
ထုတ်ပြန်သွားမှာ ဖြစ်ပြီး လောလောဆယ် AGD ၊ MAPCO ၊ FMI တို့ ပါဝင်ကြောင်း
သိရပါတယ်။
စတော့ရှယ်ယာလုပ်ငန်း တွင်ကျယ်လာခြင်းဖြင့် အရပ်ဘက် ရင်းနှီးမြုပ်နှံမှုမှာ ဦးစားပေးဖြစ်နေတဲ့ အိမ်ခြံမြေရင်းနှီးမှု လျော့နည်းလာဖွယ်ရှိပြီး အိမ်ခြံမြေဈေးနှုန်းကျဆင်းဖို့ စီးပွားရေးလုပ်ငန်းရှင်များက မျှော်လင့်နေကြကြောင်း Myanmar Business Today သတင်းစာက ရေးသားဖော်ပြထားပါတယ်။

0 comments:
Post a Comment