စစ်တွေ၊ နိုဝင်ဘာ ၂၆ ရက်
နိုဝင်ဘာ ၂၂ ရက်နေ့ ကျောက်တော်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ကျဆုံး ရဲဘော်
ခိုင်စိုးလင်းရဲ့ ဂုဏ်ပြုပွဲအခမ်းအနားနဲ့ ပတ်သက်ပြီး ဒီကနေ့ နိုဝင်ဘာ ၂၆
ရက်နေ့မှာ မြောက်ဦးခရိုင်အဆင့် ဒေသအာဏာပိုင်တွေက ခေါ်ယူသတိပေး တားမြစ်မှုတွေ
ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ALP/ALA တပ်ဖွဲ့ဝင်တွေအနေနဲ့ အခမ်းအနားတွေကို
ယူနီဖောင်းနဲ့ တက်ရောက်ခြင်းပါ မပြုလုပ်ဖို့ပါ သတိပေးပြောကြားခဲ့ကြောင်း
သိရပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊
ကျောက်တော်မြို့နယ် ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူး ခိုင်ရဲလင်းကို RiA က
တွေ့ဆုံမေးမြန်းထားပါတယ်။
RiA : ဒီကနေ့မှာ ဗိုလ်မှူးတို့ကို မြောက်ဦးဒေသအာဏာပိုင်တွေက ခေါ်ယူသတိပေးခဲ့တယ်လို့ ကြားရပါတယ်ခင်ဗျား။ ဘာကြောင့်လဲဆိုတာ သိပါရစေ။
ALP : ခေါ်ယူသတိပေးခဲ့တယ်ဆိုတာ ဟုတ်ပါတယ်။ ကိစ္စကတော့
နယ်စပ်တိုက်ပွဲတစ်ခုမှာ ကျဆုံးခဲ့တဲ့ ဆေးမှူး ခိုင်စိုးလင်း (ခ)
ခိုင်စိုးပိုင်နဲ့ ဒဏ်ရာရ ရဲဘော်တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ
ကျောက်တော်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဂုဏ်ပြုပွဲမှာ အတွင်းရေးမှူး
ခိုင်အောင်ဇံဖြူက သူတို့ကို ထိခိုက်စေတဲ့ စကားတွေကို
ထည့်သွင်းပြောကြားခဲ့တယ် ဆိုပြီးတော့ ခေါ်ယူသတိပေးခဲ့တာပါ။
RiA : ဟုတ်ကဲ့ ဗိုလ်မှူး။ သူတို့ကို ထိခိုက်စေတဲ့ စကားဆိုတာ ဘယ်လို စကားတွေပါလဲဆိုတာ သိခွင့်ရှိနိုင်ပါ့မလား။
ALP : ကျူပ်တို့လည်း သေသေချာချာ ပြန်မမေးခဲ့ပါဘူး။ သူတို့ ပြောတာကတော့
အချူပ်အခြာအာဏာကို ထိခိုက်စေတဲ့ အသုံးအနှုန်းတွေ
ထည့်သွင်းပြောကြားခဲ့တယ်လို့တော့ ပြောတာပါပဲ။ အစိုးရတပ်မတော်၊
အစိုးရအဖွဲ့ကို ပုတ်ခတ်ပြီး ပြောကြားတဲ့ သဘောမျိုးတွေ ပါခဲ့တယ်လို့
ဆိုတာပဲ။
RiA : ဟုတ်ကဲ့ ဗိုလ်မှူး။ ဒီ့အပြင်ရော တခြား ဘာတွေများ
ပြောဖြစ်ကြပါသေးလဲ။ RiA ရဲ့ သတင်းရင်းမြစ်တွေအရ ဗိုလ်မှူးတို့ ALP ကို
အခမ်းအနားတွေနဲ့ တခြား ပွဲလမ်းသဘင်တွေမှာ ယူနီဖောင်းနဲ့
သွားလာတက်ရောက်ခြင်းတွေ မပြုဖို့ပါ သတိပေးခဲ့တယ်လို့ သိရပါတယ်ခင်ဗျာ။
ဟုတ်ပါသလား ဗိုလ်မှူး။
ALP : ဒီကိစ္စကတော့ဗျာ ယူနီဖောင်းနဲ့
မသွားနဲ့။ အခမ်းအနား မတက်ရဘူးဆိုတာက သူတို့က ခဏခဏ သတိပေးနေတာပဲ။
ဒီတွေ့ဆုံမှုမှာ သတိပေးခဲ့တယ်ဆိုတာလည်း ဟုတ်ပါတယ်။ ကျူပ်တို့ကလည်း အပေါ်ကို
တင်ပြပေးပါမယ်။ အပေါ်က ဆုံးဖြတ်ပြီးမှ လိုက်နာရမှာပါလို့ပဲ
ပြန်ပြောခဲ့ပါတယ်။
RiA : ဗိုလ်မှူးတို့
ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALA/ALP ဟာ ပြည်ထောင်စုအဆင့်
တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်ကို မကြာခင်ကမှ
လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့တစ်ခုပါ။ ကျနော်တို့ သိရသလောက် NCA စာချူပ်မှာ
ယူနီဖောင်းနဲ့ အခမ်းနားတက်ရောက်ခြင်း၊ သွားလာခြင်း မပြုရဆိုတာ မတွေ့ရပါဘူး။
လက်နက်ကိုင်ဆောင်သွားလာ ခွင့်တောင် ခွင့်ပြုချက်တင်ပြီး
သွားနိုင်တဲ့ဟာတွေကို တွေ့ရတယ်။ စာချူပ်နဲ့ လွဲချော်မှုတွေ ရှိနေသလိုပဲ။
ဘယ်လိုဖြစ်တာပါလိမ့် ဗိုလ်မှူး။
ALP : ဟုတ်ပါတယ်။ စာချူပ်က
ပြည်ထောင်စုအဆင့် မပြောနဲ့။ ပြည်နယ်အဆင့်မှာတောင် ယူနီဖောင်းနဲ့
သွားလာခြင်း မပြုရ။ အခမ်းအနားတက်ရောက်ခြင်း မပြုရဆိုပြီးတော့ ကန့်သတ်ထားတာ
မရှိပါဘူး။ NCA လက်မှတ်ထိုးတဲ့အခါလည်း အဲလိုမျိုး မပါရှိပါဘူး။ ဒါကြောင့်
ကျနော်တို့ဘက်ကလည်း သူတို့ရဲ့ ပြောကြားချက်တွေဟာ စာချူပ်နဲ့
မကိုက်ညီဘူးဖြစ်ကြောင်း သူတို့ဘက်က ပြောတိုင်း ပြန်ပြန် ပြောပြနေတာပါပဲ။
သူတို့ကလည်း တားမြဲတိုင်း တားနေတာပဲလေ။
RiA : ဟုတ်ကဲ့ ဗိုလ်မှူး။
ဆိုတော့ အခု မြောက်ဦးခရိုင်ဒေသအာဏာပိုင်တွေက ဗိုလ်မှူးတို့ ALA/ALP ရဲ့
လှုပ်ရှားသွားလာ ပြောကြားခွင့်တွေအပေါ် NCA စာချူပ်ပါ သဘောတူညီချက်က
သွေဖီပြီး သတိပေးမှု၊ တားဆီးမှုတွေ ပြုလုပ်လာခြင်းအပေါ် ဘယ်လို
ထင်မြင်ယူဆပါသလဲ ခင်ဗျား။
ALP : သူတို့ရဲ့ တားမြစ်ချက်က တရားဝင်မှ
မဟုတ်တာ။ တကယ်တမ်း တားမြစ်လိုတယ်ဆိုရင် နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့်
တရားဝင် စာရွက်စာတမ်းတွေနဲ့ တားမြစ်လေ။ အဲလိုဆိုရင် တစ်စုံတစ်ခု
ညှိနှိုင်းဆွေးနွေးလို့ ရနိုင်မယ်။ ခုဟာက အောက်လမ်းက တရားမ၀င်နည်းလမ်းတွေနဲ့
စစ်ရေးအရ စိတ်ဓာတ်ကျဆင်းနေအောင်၊ ယုံကြည်မှု ပျက်ပြားနေအောင်
ပြုလုပ်နေတာလို့ပဲ ယူဆပါတယ်။
RiA : ဗိုလ်မှူး ဆိုလိုတဲ့ သဘောက ခုလို
တားမြစ်မှု၊ ကန့်သတ်မှုတွေဟာ နိုင်ငံတော်အဆင့် တာဝန်ရှိသူတွေရဲ့
ညွှန်ကြားချက်မပါဘဲ ဒေသအာဏာပိုင်တွေရဲ့ ပါဝါပြခြိမ်းခြောက်မှုသက်သက်လို့
ပြောချင်တာများလား ခင်ဗျား။
ALP : ဟုတ်တာပေါ့။ ဒါက နိုင်ငံတော်အဆင့်
တာဝန်ရှိသူတွေကိုယ်တိုင် မသိတဲ့ ကိစ္စဖြစ်နေတာပါ။ နေပြည်တော်လို
နိုင်ငံတော်အဆင့် တွေ့ဆုံမှုတွေမှတောင်မှ အပွင့်တွေ၊ အခွေတွေနဲ့
ယူနီဖောင်းအပြည့် ၀တ်ဆင်ပြီး တွေ့ဆုံမှုတွေ ပြုလုပ်နေကြတာပါ။ စစ်တွေမှာ
ဆွေးနွေးတုန်းကလည်း အဲလိုပဲ တွေ့ဆုံခဲ့တာပါ။ ဒီအပေါ်မှာ တားမြစ်လိုတယ်ဆိုရင်
တရားဝင် စာထုတ်ပြီး တားမြစ်တာက အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။
RiA :
ဟုတ်ကဲ့ ဒီကနေ့မှာ ဗိုလ်မှူးတို့ကို မြောက်ဦးဒေသအာဏာပိုင်တွေက
တားမြစ်သတိပေးခဲ့တဲ့အပေါ်မှာရော ဘာများ တုံ့ပြန်ဆောင်ရွက်သွားဖို့
အစီအစဉ်ရှိပါသလဲ ခင်ဗျား။
ALP : ဒီလိုမျိုး ကိစ္စတွေက အမြဲရှိနေတာပါ။
ရှိတဲ့အခါတိုင်း ပါတီရဲ့ ဗဟိုအဆင့် တာဝန်ရှိသူတွေကို တင်ပြခြင်း ပြုသလို၊
ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ တွေ့ဆုံတိုင်းမှာလည်း တင်ပြဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ရက်လောက်တုန်းကလည်း ပြည်နယ်အဆင့် အစိုးရအဖွဲ့
တာဝန်ရှိသူတွေနဲ့ ကျနော် တွေ့ဖြစ်ပါတယ်။ တွေ့ခဲ့တဲ့အခါ ဒီလိုမျိုး
ကိစ္စတွေကို တားမြစ်လိုတယ်၊ ကန့်သတ်လိုတယ်ဆိုရင် တရားဝင် တွေ့ဆုံမှုတစ်ခု
ခေါ်ယူပြုလုပ်ပြီးမှ ပြောသင့်တဲ့ စကား၊ လုပ်သင့်တဲ့ဟာတွေကို
လုပ်ကြရအောင်ဆိုပြီးတော့ ပြောခဲ့တာတွေ ရှိပါတယ်။
RiA : ဟုတ်ကဲ့
ဗိုလ်မှူး။ ဒါနဲ့လေ ဗိုလ်မှူးတို့ကို ဒီကနေ့မှာ ခေါ်ယူတွေ့ဆုံခဲ့တာတွေထဲမှာ
မြောက်ဦးဒေသအာဏာပိုင်တွေလို့ပဲ သိရတယ်ခင်ဗျား။ ဒေသအာဏာပိုင်ဆိုတာထဲမှာ
ဘယ်သူတွေ ပါဝင်ခဲ့ပါသလဲ။ ဘယ်မှာ တွေ့ဆုံခဲ့တာပါလဲ ခင်ဗျား။
ALP :
ခရိုင်မှူး ပါပါတယ်။ မြောက်ဦးခရိုင်မှူးက အဓိက ခေါ်ယူတွေ့ဆုံ သတိပေးခဲ့တာ
ဖြစ်ပါတယ်။ တွေ့တာကတော့ ကျောက်တော်မြို့နယ်အုပ်ချူပ်ရေးမှူးရုံးမှာပါ။
ဆိုတော့ မြို့နယ်အုပ်ချူပ်ရေးမှူး ပါတယ်။ ပြီးတော့ မြို့နယ်မှူးလည်း
ပါတာပေါ့။
RiA : ဟုတ်ကဲ့ပါ ဗိုလ်မှူး။ ခုလို ဖြေကြားပေးခဲ့တဲ့အတွက် ကျေးဇူးအထူး တင်ရှိပါတယ်။
ALP : ခုလို ဖြေကြားခွင့်ရတဲ့အတွက်လည်း ကျေးဇူးပါ။

0 comments:
Post a Comment