![]() |
| စစ်တွေမြို့တွင် ရပ်နားထားသော အောင်တံခွန်ရေယာဉ်များ |
ကုန်တင်သင်္ဘော ကံကော်ထူး (၁) ရေယာဉ် နစ်မြုပ်မှုအတွင်း ဆုံးရှုံးသွားသော ကုန်ပစ္စည်းများ အတွက် ကုန်သည်များ နစ်နာမှု မရှိစေရန် ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှုအသင်း ဥက္ကဌ ဦးအောင်သိန်းဦးက ပြောသည်။
“ခုတော့ လျှောက်လွှာတွေ ထုတ်ပေးနေပါပြီ။ ဆုံးရှုံးသွားတဲ့ ကုန်စည်ပစ္စည်းတွေရဲ့ တန်ဖိုးကို အတိအကျသိရှိနိုင်ဖို့ပါ။ လျော်ကြေးတောင်းမယ် ဆိုတဲ့ သဘောမျိုးတော့ မဟုတ်ပါဘူး။ ရေယာဉ်ပိုင်ရှင်နဲ့ ကုန်သည်တွေကြား နှစ်ဘက်စလုံး နစ်နာမှု မရှိဖို့အတွက် ကျနော်တို့က ကြားဝင်ဆောင်ရွက်ပေးတဲ့ သဘောပါ။ ”
ကံကော်ထူး ကုန်တင်သင်္ဘောမှာ ရန်ကုန်မှ စစ်တွေသို့ ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့က ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ဟိုင်းကြီးကျွန်းအနီး ကတုံကနီ အနီးတွင် သင်္ဘောဝမ်းဗိုက်သို့ ရေ၀င်ကာ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ကုန်သည်ကြီးများအသင်း၏ ထုတ်ပြန်မှတ်တမ်းများအရ သိရသည်။
အဆိုပါ စာရင်းမှတ်တမ်းများအရ လူ ၁၁ ဦး ပျောက်ဆုံးနေပြီး ကုန်ပစ္စည်းဆုံးရှုံးမှု ကာလတန်ဖိုးကို တွက်ချစီစစ်နေဆဲဖြစ်ကြောင်း သိရသည်။

0 comments:
Post a Comment