မင်းမျိုးနွယ်/RiA
ဘူးသီးတောင်၊ အောက်တိုဘာ ၁၃ ရက်။ ရခိုင်ပြည်နယ်အနောက်ဘက်ဒေသရှိ လက်ရှိရင်ဆိုင်နေကြရသော အခြေအနေအရ ဒေသခံတိုင်းရင်းသားများမှာ ထွက်ပြေးတိမ်းရှောင်လာသူများ များပြားလျက်ရှိနေရာ ဆက်လက် တိုးပွားလာနိုင်ခြေရှိကြောင်း ရခိုင်အမျိုးသားပါတီ ဗဟို ဒုတိယ ဥက္ကဌ ဦးသာထွန်းလှက ပြောသည်။
“ မောင်တောမြို့အခြေအနေက မြို့ပေါ်မှာ လူတွေအသွားအလာ ကြဲပါတယ်။ အရင်လိုမဟုတ်ဘူး။ မောင်တောမှာဆိုရင် မြောက်ပိုင်း ဒေသဖြစ်တဲ့ ကင်ပွန်းချောင်း ရွာသားတွေပါ။ လူဦရေ ၈၀ လောက်ရောက်နေတယ်။ အလိုတော်ပြည့် ဘုန်းကြီးကျောင်းမှာ တည်းနေကြတယ်။ ဘူးသီးတောင်မှာတော့ ဖားဝပ်ချောင်း၊ အောင်မင်္ဂလာ၊ အောင်ဇေယျ မောရဝတီစတဲ့ ရွာတွေက လာကြတာာဖြစ်ပါတယ်။ လူဦးရေ ၂၂၀ ကျော်ရှိပါတယ်။ အခု ရောက်လာခဲ့သူတွေကတော့ ဘယ်သူ့ အကူညီပေးခြင်းမှမရှိဘဲ သူ့တို့နည်း သူတို့ဟန်နဲ့ ကြုံသလို လာခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။ ”
ရခိုင်အမျိုးသားပါတီ ဗဟို ဒုတိယဥက္ကဌ ဦးသာထွန်းလှ ဦးဆောင်သော အဖွဲ့သည် မောင်တောမြို့နယ်၏ အကြမ်းဖက်မှုများကြောင့် တိမ်းရှောင်နေကြသူများကို သွားရောက် အကူညီပေးနိုင်ရေးအတွက် အခင်းဖြစ်ရာကို ရောက်ရှိနေကြခြင်း ဖြစ်သည်။
“လောလောဆယ်မှာတော့ အဲဒီတိမ်းရှောင်လာတဲ့သူတွေရဲ့ လိုအပ်ချက်တွေ။ နေရေးထိုင်ရေးကိစ္စတွေအပြင် မလာနိုင်တဲ့ သူတွေ အတွက်လည်း ဘာတွေ လိုအပ်နေသလဲ၊ လာဖို့အတွက် လိုအပ်တဲ့ အကူအညီတွေအပြင် လုံခြုံရေးအတွက် လိုအပ်တာတွေကိုပါ လုပ်ပေးနိုင်ရေးအတွက် ဒေသအာဏာပိုင်တွေနဲ့ ဆွေးနွေးဖို့အတွက် ညွှန်ကြားထားခဲ့ပါတယ်။” ဟု ဦးသာထွန်းလှက ပြောသည်။
ထွက်ပြေးလာခဲ့ကြသူများမှာ မောင်တောခရိုင်ဖြစ်သည့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များရှိ အကြမ်းဖက်မှု ဖြစ်ပွားခဲ့သော ကျီးကန်းပြင်ဌာနချုပ်နှင့် နီးစပ်သည့်ကျေးရွားများ၊ နယ်စပ်နေရာများနှင့် နီးစပ်သည့်ကျေးရွာမှား အကြမ်းဖက်များ အလွယ်တကူ ခိုလှုံလာနိုင်သည့် နေရာများမှ ကျေးရွာသားများဖြစ်သည်။
----
သတင်းဓာတ်ပုံ - အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မောင်တောမြို့ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြရသည့် ရခိုင်တိုင်းရင်းသားများ


0 comments:
Post a Comment