![]() |
| စစ်တွေတွင် မီးလောင်မှုဖြစ်ပွား ၂၀၁၆/မတ်လ - ၁၇ ရက် (ဓာတ်ပုံ - Noung Khaing Aung/RiA) |
စစ်တွေ/RiA ၊ မတ် ၁၇ ရက်
စစ်တွေမြို့၊ ဘောင်းဒွတ်သားစုရပ်ကွက်တွင် ဒီကနေ့ မတ်လ ၁၇ ရက်နေ့ မနက် ၉ နာရီအချိန်တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ မီးလောင်ခဲ့ရာ နေရာမှာ စစ်တွေမြို့၊ ဘောင်းဒွတ်သားစု ရပ်ကွက်မှာ ဖြစ်ပြီး ငပိန်လမ်းနှင့် ဘောင်းဒွတ်သားစု လမ်းဆုံက နေအိမ် ဖြစ်ပြီး ပြည်နယ်မီးသတ်ဦးစီးဌာနမှ အရာရှိ ဦးစံရွှေထွန်းက RiA ကို ခုလို ပြောပါတယ်။
“မီးလောင်တာကတော့ သူတို့သုံးစွဲနေတဲ့ ဝါယာတွေက ခံနိုင်ရည်နည်းပါးတဲ့ ဝါယာတွေဖြစ်တယ်။ ဒါကြောင့် ပတ်ဝန်းကျင်ကိုကူးပြီး လောင်သွားတာပါ အိမ်ကတော့ သွပ်မိုး ပျဉ်ကာ အုတ်ညှပ်နှစ်ထပ်အိမ်ပါ”
မီးလောင်နေချိန်မှာ မီးသတ်ယာဉ် ၄ စီးနှင့် မီးသတ်အဖွဲ့ဝင် ၃၆ ဦးတို့က မိနစ် ၂၀ အတွင်း မီးကို ငြိမ်းသတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာနှင့် သေဆုံးမှုတို့ မရှိကြောင်း သိရပါတယ်။
“အစကတော့ ညှော်နံတာပေါ့နော်။ ကျနော်သွားပြီး အဲဒီကိုရောက်တော့ အိမ်ရဲ့ အဖီက စလောင်နေတာကို တွေ့ရပါတယ်။ မီးကတော့ အရပ်ကျော်နေပြီးလေ ကျနော်တို့ကလည်း ဒီမှာရှိတဲ့ လူတွေအားလုံး ရေလောင်းတဲ့ လူလောင်း သဲနဲ့ပက်တဲ့လူပက် အုတ်ခဲနဲ့ထုတဲ့လူတွေက ထုနဲ့ လုပ်ကြတာပဲ။ မနိုင်ပါဘူး။ မီးသတ်ကားတွေရောက်လာမှ မီးက ငြိမ်သွားတာ” မီးလောင်ရာတွင် ပါဝင် ငြိမ်းသတ်ခဲ့သူ ဦးထွန်းကျော်က ပြောပါတယ်။
မီးလောင်မှုကြောင့် ကာလတန်ဖိုး ကျပ် ၄ သိန်း ဖိုး ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်ခဲ့တဲ့ နေအိမ် ပိုင်ရှင် ဦးစံကျော်ကို မီးပေါ့ဆမှု ပုဒ်မ ၂၈၅ နဲ့ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်မီးသတ်ဦးစီးမှူး ဦးစံရွှေထွန်း က ပြောကြားခဲ့ပါတယ်။

0 comments:
Post a Comment