RiA
မောင်တော၊ အောက်တိုဘာ ၁၆ ရက်။ အကြမ်းဖက်တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ တပ်မတော်က စစ်ဆင်ရေးနယ်မြေအဖြစ် မောင်တောခရိုင်တစ်ခုလုံးကို တာဝန်ယူ ဆောင်ရွက်နေတာ ဖြစ်ပေမယ့် ဒီကနေ့အချိန်ထိ မောင်တောဒေသဟာ ခြိမ်းခြောက်ခံနေရဆဲ ဖြစ်ပါတယ်။
ယမန်နေ့ အောက်တိုဘာ ၁၅ ရက်နေ့က မောင်တောမြို့၊ ကန်သာယာ(အထက်) ကျေးရွာမှာ နေထိုင်တဲ့ ဒေသခံ ဦးသန်းထွန်းဟာ သူ့အဖော်နဲ့အတူ ဝါးခုတ်ဖို့ တောင်ဘက်ချောင်းရိုးအတိုင်း ထွက်ခွာလာစဉ် မနက် ၁၀ ခန့်မှာ ချောင်းမြောင်းပစ်ခတ်မှုကို ခံခဲ့ရပြီး ဒဏ်ရာ ရရှိခဲ့ပါတယ်။
တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းပြန်ကြားရေးမှ အကြမ်းဖက်တိုက်ခိုက်သူတွေရဲ့ လက်ချက်ဖြစ်ကြောင်း မြဝတီ သတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။
ဒါ့အပြင် မနက် ၁၁ နာရီ ဝန်းကျင်အချိန်မှာ မောင်တော၊ လိပ်အိုင်ကျေးရွာမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ဓါဖြင့် တိုက်ခိုက်ခံခဲ့ရပြီး တိုက်ခိုက်သူ ၃ ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်းနှင့် နေ့လည်ဘက်မှာတော့ မောင်တောမြို့နယ် ရီဒါးကျေးရွာအနီးက အကြမ်းဖက်သမား ၄ ဦးကို တပ်မတော်စစ်ကြောင်းများက အရှင် ဖမ်းဆီးရခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက်သူများရဲ့ ရန်ပြုတိုက်ခိုက်ခံရမှာကို စိုးရိမ်နေကြတဲ့ ရာနှင့်ချီတဲ့ မောင်တောဒေသခံတွေဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။
အောက်တိုဘာ ၉ ရက်နေ့ကနေ စတင်ခဲ့တဲ့ မောင်တောအကြမ်းဖက်တိုက်ခိုက်မှုဟာ ရက်သတ္တပတ်တစ်ခုကျော် ကြာမြင့်လာပြီ ဖြစ်ပေမယ့် ဒီကနေ့အချိန်ထိ တည်ငြိမ်မှုမရှိသေးပါ။
တိမ်းရှောင်တွေအတွက် လိုအပ်တဲ့ အကူအညီတွေကို တပ်မတော်နှင့် နိုင်ငံတော် အစိုးရများ၊ ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများ၊ လှူဒါန်းသူများက ထောက်ပံ့မှုတွေ ပြုလုပ်နေပေမယ့် အကြောက်တရား ဝေဒနာတွေ လျော့ချဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။
--
သတင်းဓာတ်ပုံ - AFP
0 comments:
Post a Comment